စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွရင်ဆိုင်ကျော်ဖြ-တ်သွားမည်ဖြစ်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဝန်ကြီးချုပ်မှ စစ်ကိုင်းခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၅၀,၅၇၂) သန်း၊ တိုင်းလူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။
လက်ရှိအချိန်၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် စစ်ကိုင်းမြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ (၂) ထပ်ကျောင်းဆောင် အဆောက်အဦးအား ပြန်လည်ပြုပြင်လျက်ရှိသည်။
