စစ်ကိုင်းမြို့တွင် ငွေကျပ်သိန်း ၂၆၀၀ ကျော်တန် ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းမိ
စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊တင်းတိပ်ရပ်ကွက်၊ကောင်းမှုတော်ဘုရားအနီးတွင် သြဂုတ် ၃၀ ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ညနေ ၄ နာရီခွဲခန့်က စစ်ကိုင်းတိုင်းရဲတပ် ဖွဲ့ရုံးမှ ရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ကောင်းမှုတော်ဘုရားအနီးရှိကားလမ်းတွင် မောင်ဒွေး(၂၉)နှစ်မောင်းကာ စက်မောင်(၄၈)နှစ်လိုက်လာသည့် HONDA FIT ကားနှင့် ငြိမ်းချမ်းဦး(၃၂)နှစ်မောင်းကာ ကြည်လှိုင်(၅၂) နှစ်နှင့်ဇော်လင်းနိုင်(၃၃)နှစ်တို့ လိုက်လာသည့် NISSAN UD ၁၂ ဘီးကားတို့အားတားဆီးစစ် ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ NISSAN UD ၁၂ ဘီးကားပေါ်တွင် တင်ဆောင်လာသည့် ဆာလာအိတ်များအ တွင်းမှ ဆူဒိုအက်ဖီဒရင်း ၁၃၀၀၀၀၀ ပြားနှင့်ပီပါများအတွင်းမှ အီသိုင်းအီသာ ၃၆၀ လီတာ(စုစု ပေါင်း ငွေကျပ် ၂၆၀၃ ဒသမ ၆ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ ယင်း ထိန်းချုပ်ဓာတုပစ္စည်းများကို ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများအား စစ်ကိုင်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်း ဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။