အမျိုးသားသဘာဝဘေး အန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်နေသည့် သံချောင်းလုံးများကို ရန်ကုန်မြို့မှ အထူးရထားများဖြင့် ပို့ဆောင်ပေးနေကြောင်း သိရသည်။
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် HRB 500 အမျိုးအစား သံချောင်းလုံးတန်ချိန် (၅၅၃ ဒဿမ ၀၀၆)တန်၊ 4 Angle 0.33 mm အမိုးသွပ်ပြားချပ်ရေ(၇၀၀၀) တို့ကို ယမန်နေ့ အောက်တိုဘာ(၂၁)ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည် အမိုးသွပ်ပြားချပ်ရေ(၇၀၀၀) ကိုလည်း အထူးကုန်ရထားဖြင့် မန္တလေး ရွှေကြက်ယက်ဘူတာသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
