Wednesday, April 23, 2025

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI...

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး...

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို...
HomeNewsLocal Newsစစ်ကိုင်းတိုင်း ကျောက်မျက်စျေးကွက် လက်ရှိအချိန်၌...

စစ်ကိုင်းတိုင်း ကျောက်မျက်စျေးကွက် လက်ရှိအချိန်၌ ကျဆင်းလျက်

စစ်ကိုင်းတိုင်း၏ ကျောက်မျက်စျေးကွက်မှာ ကိုဗစ်(၁၉)ရောဂါကာလမတိုင်ခင်နှင့်နှိုင်းယှဥ်ပါက ကျဆင်းလျက်ရှိသည်ဟု စစ်ကိုင်းတိုင်းကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးအောင်ကြီးထံမှ သိရသည်။

“စစ်ကိုင်းတိုင်းရဲ့ ကျောက်မျက်စျေးကွက်ကကျနေတယ်။ ကျဆင်းရတဲ့အကြောင်းရင်းကလည်း ပြည်တွင်းမှာကုန်ကြမ်းရှားပါးနေတာရယ်၊ ကျောက်မျက်တူးဖော်ခွင့်တွေ ရပ်ဆိုင်းထားတာတွေရယ်ကြောင့်ပါ”ဟု ဦးအောင်ကြီးကဆိုသည်။

ကျောက်မျက်ကုန်ကြမ်းရှားပါးမှုအား ထိုက်သင့်သလောက်ပြေလည်နိုင်စေရန် အစိုးရမှပြုလုပ်ပေးလျက်ရှိသည့် ကျောက်မျက်ရတနာပြပွဲများ၌ ထိုက်သင့်သလောက်ဝယ်ယူရရှိနိုင်သော်လည်း ကိုဗစ်(၁၉) ရောဂါကာမတိုင်ခင်နှင့်နှိုင်းယှဥ်ပါက များစွာလျော့နည်းသွားသည်ဟု သိရသည်။

“ကိုဗစ်ကာလမတိုင်ခင်ကတော့ ကျောက်မျက်စျေးကွက်က လက်ရှိကာလထက် အများကြီးသာတယ် သာတဲ့အကြောင်းရင်းကလည်း ပြည်ပနိုင်ငံတွေကို လွတ်လွတ်လပ်လပ်နဲ့သွားလာလို့ရသလို ပြည်ပနိုင်ငံတွေရဲ့ကျောက်မျက်စျေးကွက်ကလည်း မြင့်တက်နေတဲ့အချိန်ဖြစ်နေတာကြောင့် အများကြီးအဆင်ပြေတယ်”ဟု ဦးအောင်ကြီးကပြောသည်။

လက်ရှိအချိန်၌ ကျောက်မျက်စျေးကွက်တွင် ပြည်ပဝယ်လိုအား လျော့နည်းနေကာ ပြည်တွင်းဝယ်လိုအားမှာလည်း အနည်းငယ်ကျဆင်းနေပြီး ကျောက်စိမ်းအချောထည်များအား နိုင်ငံတော်သို့အခွန်ပေးဆောင်၍ရောင်းချရသည့် လုပ်ငန်းကိုလည်း ယာယီရပ်ဆိုင်းထားသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်း၌ တရားဝင်ကျောက်မျက်စျေးမရှိသေးသဖြင့် ကျောက်မျက်ရတနာများအား ရောင်းချရာတွင် လမ်းမများပေါ်နှင့်နေအိမ်ခြံဝိုင်းများအတွင်း၌သာ နေ့စဥ် ရောင်းချနေရပြီး အရောင်း အဝယ် ပြုလုပ်သူနည်းပါးလျက်ရှိကြောင်း သိရသည်။

“စစ်ကိုင်းမှာက ကျောက်ပုတီးတွေအများဆုံးအ ရောင်းအဝယ်လုပ်ကြတာပေါ့၊ အရင်ကထက်စာရင်တော့ အရောင်းအဝယ်ကျဆင်းသွားတယ်၊ နောက်ပြီး အဲ့လိုရောင်းတဲ့အခါမှာလည်း နေရာသတ်မှတ်ချက်တော့မရှိတော့ အဆင်ပြေသလိုရောင်းရတယ်၊ အဲဒီတော့တစ်နေရာနဲ့တစ်နေရာ အရည်အသွေးတူရင်တောင် စျေးနှုန်းကွာဟချက်တွေရှိတယ်၊ တစ်နေရာထဲမှာပဲ သတ်သတ်မှတ်မှတ်ရောင်းချနိုင်ရင် စျေးနှုန်းကွာဟချက်သိပ်မရှိတော့ဘူးပေါ့”ဟု ဦးအောင်ကြီးကပြောသည်။

စစ်ကိုင်းတိုင်းကျောက်မျက်လုပ်ငန်းရှင်များအ သင်းမှကြီးမှူး၍ ကျောက်မျက်ကဏ္ဍတွေ့ဆုံဆွေး နွေးပွဲအား ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှအမှုဆောင် ၃ ဦးလည်းတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခရိုင်အတွင်း အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများထဲတွင် ရုရှားတပ်ဖွဲ့တစ်ဖွဲ့မှ တပ်သားများ၊ရွာ ၇ ရွာနှင့် နွေရာသီအပန်းဖြအိမ် ၁၂ လုံးမှပြည်သူများပါဝင်သည်ဟုသိရသည်။ အရေးပေါ်ရွှေ့ပြောင်းရသူများကို လိုအပ်သည့်အရာအားလုံးကိုထောက်ပံ့ပေးထားပြီး အများစုသည် ယာယီစခန်းများ၌နေနေကြသော်လည်း အချို့ကမူ ဆွေမျိုးများထံသွားနေနေကြသည်ဟုလည်း အာဏာပိုင်များကဆိုသည်။ ‌ပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ လက်နက်သိုလှောင်ရုံ၌ မီးလောင်ခြင်းကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ပေါက်ကွဲစေသောပစ္စည်းများနှင့်လုပ်ကိုင်နေစဉ်အတွင်း လုံခြုံရေးစီမံချက်များပေါ့လျော့ခြင်းကြောင့်လည်းပါသည်ဟုဆိုသည်။ Source : ရှင်းဟွာ

တရုတ်မှ Kuaishou ကစွမ်းအားအကြီးဆုံး AI ဗီဒီယိုဂျင်န‌ရေတာကို မိတ်ဆက်

တရုတ်ဗီဒီယိုကုမ္ပဏီ Kuaishou Technology သည် ၎င်း၏ ဉာဏ်ရည်တု မမိုဒယ်၏ အဆင့်မြှင့်ဗားရှင်းဖြင့် ဗီဒီယိုထုတ်လုပ်ထားသည့် Kling ဗီဒီယိုကို အင်္ဂါနေ့တွင် ထုတ်ပြခဲ့ပြီး ဗီဒီယိုထုတ်လုပ်သည့် မိုဒယ်များကို ယှဉ်ပြိုင်မှုတွင် ပိုမိုပြင်းထန်လာသော အချိန်တွင် “ကမ္ဘာ့စွမ်းအားအကြီးဆုံး” ဟု ကြွေးကြော်ခဲ့သည်။ “ဒါက ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး ဗီဒီယိုဖန်တီးမှုမျိုးဆက် မိုဒယ်ဖြစ်ပါတယ်” ဟု Kuaishou အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဂိုင်ခွန်က ပေကျင်းတွင်ကျင်းပသည့် ကော်ပိုရိတ်အစည်းအဝေးပွဲတစ်ခုတွင် Kling AI 2.0 ကို မိတ်ဆက်ရာတွင် ပြောကြားခဲ့သည်။ ယခုအချိန်တွင် Kling...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071