စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ၊ ပါတီဝန်းရံသူများနှင့် မိဘပြည်သူများ မိတ်ဆက်တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၃) ရက် ၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ် (၇၀၀) အားကစားကွင်းတွင် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်း တက်ရောက်အားပေး အမှာစ ကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည့် ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကာ လူထုနှင့် မိတ်ဆက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင်နိုင်ငံ အလံအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းက အမှာစကားပြောကြားကာ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုဘယ်စားလှယ်လောင်း ဦးသက်ပုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်တို့မှရွေးကောက်ပွဲစည်းရုံးရေးဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြခဲ့ကြောင်း သိရသည်။
ထို့နောက် ပါတီအောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီး အနုပညာရှင်များက ဖျော်ဖြေခဲ့ကြသည်။
