စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ပြီး အခက်အခဲများ ၊ ကြန့်ကြာမှုများမရှိအောင် ဆောင်ရွက်ပေးကြရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၁၁/၂၀၂၅)ကို ဒီဇင်ဘာလ(၂၃)ရက်က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးတွင် ကျင်းပစဉ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်ဝင် ရောက်လာစေဖို့နဲ့ လက်ရှိလည်ပတ်နေတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကို အဆင် ပြေပြေချောချောမွေ့မွေ့ အ ခက်အခဲတွေ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးကြပါ။စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြဖို့လိုအပ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးမြတ်ကျော်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ စစစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင် ရွက်ပြီးစီးမှု အခြေအနေများနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ကုမ္ပဏီများအလိုက် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချသွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းတင်ပြကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
