Monday, January 20, 2025

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး...

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...
HomeNewsLocal Newsစစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ထပ်မံရွေးချယ်တင်မြှောက်သည့် စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ကို ၁၃၈၆ ခုနှစ် ၊ပြာသိုလ်လဆန်း (၁၂) ရက် ၊ ဇန်နဝါရီလ (၁၀)ရက် နေ့လယ်(၁၂)နာရီက စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပြန်လည်ရွှေချယ်တင်မြှောက် ရွေးကောက်ပွဲဖွဲ့စည်းပုံများ အတည်ပြုရန်အတွက်နိုင်ငံတော် သံဃာ့မဟာနာယက မတ္တရာ ဆရာတော်ကြီးနှင့် တာဝန်ရှိ ကြီးကြပ်ရေးနာယက ဆရာတော်များ အစုံအညီကြွရောက်တော်မူကြကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း (၆) မြို့နယ် အတွက် ဖွဲ့စည်းပုံများကို စစ်ကိုင်းမြို့ ၊ဇိနောဒယ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တ ကာရုဏိက က ဖတ်ကြားသင်သွင်းလျှောက်ထားတော်မူသည်။

ထို့နောက်ချင်းပြည်နယ်နှင့် စစ်ကိုင်တိုင်းဒေသကြီးအထက်ပိုင်း (၁၅) မြို့နယ်၏ ဖွဲ့စည်းပုံများကို မုံရွာမြို့၊အလယ်ရပ်၊ရွှေကျင်ဓမ္မာရုံတိုက်မှ ဘဒ္ဒန္တ ဉာနဂ္ဂ ကဖတ်ကြားတင်သွင်းလျှောက်ထားတော်မူသည်။

ဆက်လက်၍ တိုင်းသံဃနာယက အဖွဲ့ ဖွဲ့စည်းကြရာ တိုင်းဝန်ဆောင်ဆရာတော်များ အဆိုပြုကြသည်ကို ကြီးကြပ်ရေး နာယကဆရာတော်များက အတည်ပြု လက်မှတ်ရေး ထိုးတော်မူကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့တွင် ဥက္ကဌအဖြစ် စစ်ကိုင်းမြို့၊ဇိနောဒယစာသင်တိုက်မှ ဘဒ္ဒန္တကာရုဏိက၊ ဒုတိယဥက္ကဋ္ဌအဖြစ် မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်မှ ဘဒ္ဒန္တနန္ဒိမာလင်္ကာရ၊ အကျိုးဆောင်အဖြစ် မုံရွာမြို့၊ သဒ္ဒမ္မဇောတကသုဗောဓာရုံကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒာဝရ၊ တွဲဖက်အကျိုးဆောင်အဖြစ် စစ်ကိုင်းမြို့၊ ဟံသာဂီရိကျောင်းတိုက်မှ ဘဒ္ဒန္တခေမိန္ဒာစာရ၊ အ ဖွဲ့ဝင်များအဖြစ် အရာတော်မြို့၊ ရွှေညောင်ပင်ကျောင်းမှ ဘဒ္ဒန္တဂုဏောဒယ၊ ဝက်လက်မြို့၊ ချမ်းသာကြီးကျောင်းမှ ဘဒ္ဒန္တဓမ္မရက္ခိတ၊ မြင်းမူမြို့၊ ပဇ္ဇောတာရုံကျောင်းတိုက်မှ ဘဒ္ဒန္တ ဝါသေဌ၊ စစ်ကိုင်းမြို့၊မင်းလှကျောင်းမှ ဘဒ္ဒန္တဉာဏောဘာသနှင့် ကလေးမြို့၊ စမ်းချောင်းကျောင်းမှ ဘဒ္ဒန္တပညာနန္ဒ တို့ကိုကြီးကြပ်ရေးအဖွဲ့က အတည်ပြုဖွဲ့စည်းခန့်အပ်တော်မူခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး ၃ ဦး၏အမည်ကို ထုတ်ပြန်ကြေငြာပြီးနောက် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဘက်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးကို စတင်ပြီ ဖြစ်ကြောင်း တရာကြေငြာခဲ့သည်။ ကာတာ၊အီဂျစ်နှင့်အမေရိကတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အသက်ဝင်အကောင်အထည်ဖော်နိုင်ခဲ့သော အပစ်အခတ်ရပ်စဲရေးစာချုပ်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် စတင်အကျိုးသက်ရောက်သည်။ သို့သော်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဟားမတ်စ်ဘက်မှ တိကျသေချာသည့် ဓ-ါးစာခံစာရင်း ကို မထုတ်ပြန်မချင်း တိုက်ပွဲများဆက်လက်ဖော်ဆောင်တိုက်ခိုက်သွားရန်လည်း ညွှန်ကြားထားသည်ဟုသိရသည်။ ဟားမတ်စ်၏ထုတ်ပြန်ကြေငြာချက်အရ ၎င်းတို့အနေဖြင့်...

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပ

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို (၂)ရက်တာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ၂ဝ၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ယမန်နေ့ ဇန်နဝါရီ (၁၈) ရက် နံနက်ပိုင်းက The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌ တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း (၂)ဂိုး(၁) ဂိုးဖြင့် တရုတ်(တိုင်ပေ) အသင်းက ဦးဆောင်ခဲ့သော်လည်း ဒုတိယပိုင်း ပွဲချိန်အတွင်း ဗီယက်နမ်အသင်းက ချေပဂိုး(၁)ဂိုးသွင်းယူ၍ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တရုတ်(တိုင်ပေ)အသင်းသည် အုပ်စုအဖွင့်ပွဲစဥ်၌ မကာအိုအသင်းကို (၁၈)ဂိုး ပြန်ဖြင့် သွင်းယူထားနိုင်ပြီး၊ ဗီယက်နမ်အသင်းသည် မြန်မာအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိထားသည်။ ထို့အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071