စစ်ကိုင်းတိုင်းဒေသကြီးတွင် (၂) နှစ်အတွင်း တမာပင် (၃) သိန်းစိုက်ပျိုးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိုးရာသီသစ်ပင်စိုက်ပျိုးရေးအစည်းအဝေးတွင် ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ် ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ (၈) ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစ ည်းအဝေး ခန်းမတွင် ကျင်းပစဥ် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။
“၂၀၂၂ခုနှစ် က ၂၀၂၄ ခုနှစ်အထိ (၃)နှစ်အတွင်း တမာပင် (၃) သိန်းစိုက်ပျိုးဖို့ လမ်းညွှန်ခဲ့မှုအပေါ် ၂၀၂၂ ခုနှစ်နဲ့ ၂၀ ၂၃ ခုနှစ် မိုးရာသီတွေမှာ တမာပင်(၃)သိန်း အပြည့်အဝစိုက်ပျိုးပြီး ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောသည်။
ယနေ့အချိန်သည် ကမ္ဘာ့ပတ်ဝန်း ကျင်ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရာသီဥတု ပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ် တောဖုံးလွှမ်းမှု ကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပြန် လည်ကောင်းမွန် လာစေရေးအပြင် အစားအသောက် နှင့် ဆေးဝါးအကျိုးပြုစေရန်အတွက်နိုင်ငံတော်အကြီးအကဲ
၏လမ်းညွှန်မှုအရ တမာပင်များစိုက်ပျိုးလျက်ရှိသည်။
“ကျေး လက်နေပြည်သူတွေရဲ့ ထင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့နဲ့ သစ်တောဖုံးလွှမ်းမှု အထောက်အကူဖြစ်စေဖို့အတွ က် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ မြေနေရာရရှိရေးနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အ တွက် ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒါ့အပြင်စိုက်ပျိုးပြီးသစ် ပင်တွေ ရှင်သန်အောင်မြင်စေဖို့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ကူညီပြုစုထိန်းသိမ်းသွားကြဖို့ လိုအပ်ပါတယ်”ဟုဝန်ကြီးချုပ်က ပြောကြားသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်း များမှ ပါမောက္ခချုပ်များနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုယ်စား၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာ ခရိုင် ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

