Monday, April 21, 2025

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က...

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...
HomeInternationalစင်္ကာပူနှင့်ဘရူနိုင်း နားလည်မှုစာချွန်လွှာများရေးထိုး

စင်္ကာပူနှင့်ဘရူနိုင်း နားလည်မှုစာချွန်လွှာများရေးထိုး

စင်္ကာပူနှင့်ဘရူနိုင်း နားလည်မှုစာချွန်လွှာများရေးထိုး

စင်္ကာပူ၊ဩဂုတ် ၂၅

စင်္ကာပူနှင့်ဘရူနိုင်းတို့သည် နားလည်မှုစာချွန်လွှာ (MoUs) လေးခုကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံကြားရေရှည်တည်တံ့သောဆက်ဆံရေးကို ထပ်မံအတည်ပြုခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က သြဂုတ်လ ၂၅ ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ဘရူနိုင်းဆူလတန်ဘုရင်မင်းမြတ် Hassanal Bolkiah ၏စင်္ကာပူနိုင်ငံသို့ နှစ်ရက်ကြာနိုင်ငံတော်ခရီးစဉ်သည် ကြာသပတေးနေ့က ပြီးဆုံးခဲ့ပြီဖြစ်သည်။၎င်း၏ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် လီရှန်လွန်းကလည်း စင်္ကာပူသို့ ပဉ္စမအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် ဘရူနိုင်းဘုရင်နှင့်တွေ့ဆုံခဲ့သည်။

ဖေ့စ်ဘွတ်တွင် မစ္စတာလီက “လွန်ခဲ့တဲ့အပတ်အနည်းငယ်က ဘရူနိုင်းဘုရင်မင်းမြတ်ရဲ့(၇၆) နှစ်မြောက် မွေးနေ့ပွဲအတွက် ကျွန်တော်သွားရောက်လည်ပတ်တုန်းက နောက်ဆုံးဆုံတွေ့ထားတာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးခိုင်မာစေဖို့ ထပ်မံအတည်ပြုခဲ့ကြပါတယ်” ဟုရေးသားထားသည်။


ဘုရင်မင်းမြတ်၏ခရီးစဉ်သည် နှစ်နိုင်ငံလုံးအတွက် ကာကွယ်ရေးနှင့်ဘဏ္ဍာရေး အပါအဝင် အစဉ်အလာမဏ္ဍိုင်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်ရန်အထူးကောင်းမွန်သော အခါသမယဖြစ်စေခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“နိုင်ငံငယ်များအနေနှင့် စင်္ကာပူနှင့်ဘရူနိုင်းတို့သည် မသေချာမရေရာသောအခြေနေများအတွင်း နှစ်နိုင်ငံ၏ပြန်လည်ရုန်းထနိုင်စွမ်းကို ပိုမိုခိုင်မာစေရန် အတူတကွလုပ်ဆောင်နေကြသည်” ဟုလည်း MFA ကထပ်လောင်းပြောကြားခဲ့သည်။

ဘရူနိုင်းဘုရင်မင်းမြတ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။စင်္ကာပူနှင့် ဘရူနိုင်းအေဂျင်စီများသည် စွမ်းအင်၊ပတ်ဝန်းကျင်ကိုမထိခိုက်သော စီးပွားရေး ၊ အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုစသည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွကက်ရန် MoU ရေးထိုးခဲ့ကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (MTI) မှ ပြောကြားခဲ့သည်။

“စွမ်းအင်၊Green economy ၊အစားအစာနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှု၌ပြန်လည်ရုန်းထနိုင်ရေးတို့၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် MoU ရေးထိုးခြင်းသည် နှစ်နိုင်ငံလုံးအတွက် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသောအနာဂတ်ကိုရရှိ‌စေပြီး အပြန်အလှန်အကျိုးရှိစေသည်” ဟု စင်္ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Gan Kim Yong ကပြောကြားခဲ့သည်။

“စင်္ကာပူသည် ဘရူနိုင်းနှင့်အထူးချစ်ကြည် ရင်းနှီးကာ အနာဂတ်အတွက် ပိုမိုကောင်းမွန်အောင်ပြင်ဆင်ပေးမည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ရှာဖွေရန် မိတ်ဖက်များအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်” ဟုထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ပညာသင်ဆုအပါအဝင် ဘရူနိုင်း-စင်္ကာပူပြည်သူ့ဝန်ဆောင်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေသည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ MoU များလည်းလက်မှတ်ရေးထိုးခဲ့သည်။

ဘုရင်သည် Sembawang လေတပ်စခန်းသို့လည်းသွားရောက်လည်ပတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကတွေ့ဆုံဧည့်ခံခဲ့သည်။အဆိုပါခရီးစဉ်တွင် ယဉ်ကျေးမှု၊ရပ်ရွာနှင့်လူငယ်ရေးရာ ဝန်ကြီး Edwin Tong၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Melvyn Ong နှင့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် Kelvin Khong တို့ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဘုရင်မင်းမြတ်သည် စင်္ကာပူသမ္မတနိုင်ငံလေတပ်စခန်း (RSAF) သို့သွားရောက်ခဲ့ပြီး Aster 30 ဒုံးခွင်းဒုံးစနစ်ကိုလည်းကြည့်ရှုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။

ဝန်ကြီးချုပ် လီရှန်လွန်းနှင့်ဇနီးတို့သည် ဘရူနိုင်းဘုရင်မင်းမြတ်၏ ၇၆ နှစ်မြောက် မွေးနေ့ပွဲကိုတက်ရောက်ရန် ဇူလိုင်လကလည်း ဘရူနိုင်းသို့သွားရောက်ခဲ့သေးသည်။ထိုခရီးစဉ်အတွင်း မစ္စတာလီနှင့်ဇနီးတို့အား နိုင်ငံတော်ဂုဏ်ပြုဆုများလည်း ပေးအပ်ခဲ့သည်ဟုသိရှိရသည်။

Source – CNA/rc(mi)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ ပေးအပ်ရာ၌ ယခု ၂၀၂၅ ခုနှစ်ဘောလုံးရာသီမှ ၂၀၂ ၇ ခုနှစ် ဘောလုံးရာသီအထိ ပေးအပ်ခြင်းဖြစ်‌ကြောင်းသိရသည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့်လာမည့် ဧပြီလ (၂၉) ရ က်၌ စတင်ကျင်းပမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ MNL League Cup ပြိုင်ပွဲတွင် Glory Sports ၏ Customized Jersey...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071