(Unicode)
စင်္ကာပူတွင်ကိုဗစ်၁၉ contact tracing ကိုဟန့်တားမှုနဲ့ တရုတ်စုံတွဲကို ထောင် ဒဏ်ချမှတ်
လွန်ခဲ့တဲ့ ၂နှစ်က စင်္ကာပူကိုရောက်ရှိခဲ့ပြီး ရက် ပိုင်းအတွင်းမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံက စုံတွဲကို ကူးစက်ရောဂါအက်ဥပဒေနဲ့ နိုဝင်ဘာ ၂၄ရက်နေ့မှာထောင် ဒဏ်ချမှတ်လိုက်ပါတယ်။
အသက် (၄၀)အရွယ် တရုတ်နိုင်ငံသား Hu Junကို ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၅လချမှတ်ခဲ့ပြီး ၄င်းရဲ့ဇနီး Shi Sha (၃၈)နှစ်ကို ၆ လချမှတ်လိုက်တာပါ။
၄င်းတို့စုံတွဲဟာ ၂နှစ်နီးပါးကြာ တရားရုံးက စွဲချက်တင်ပြီးနောက်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။
တရားစွဲဆိုမှုအတွက် Hu ဟာ ထောင်ဒဏ် ၅လ နဲ့အတူ စင်္ကာပူဒေါ်လာ ၁၀၀၀၀ ကိုပါ ဒဏ် ကြေးပေးဆောင်ရမှာဖြစ်ပြီး ၄င်းရဲ့ဇနီး Shi ကတော့ ထောင်ဒဏ် ၆လနဲ့အတူ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၂၀၀၀၀ ကိုပါ ပေးဆောင်ရမှာပါ။
Hu ဟာ စင်္ကာပူကို ၂၀၁၉ ၊ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ၉ရက်အကြာမှာ ကိုဗစ်ပိုးကူးစက်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါကြောင့် ၄င်းဇနီး Shi ကို ဖေဖော်ဝါရီ ၁ရက် နေ့မှာ သီးခြားနေထိုင်ဖို့ အမိန့်ထုတ်ပြန်ခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
Hu ဟာ ကိုဗစ်၁၉ ရောဂါရှာဖွေတွေ့ရှိပြီးနောက် မှာ မှားယွင်းတဲ့သတင်းအချက်အလက်များပေးခြင်းဖြင့် အဆက်အသွယ်ခြေရာခံခြင်းကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
၄င်းရဲ့ဇနီး Shi ကတော့ ကျန်းမာရေးအရာရှိများရဲ့ အလုပ်ကို နှောင့်ယှက်မှု ၃ခုနှင့်အတူ သီးခြားခွဲထားမှုအခြေအနေများကို လိုက်နာရန်ပျက်ကွက်မှု စုစုပေါင်း ၄မှုနဲ့ စွဲချက်တင်ခံထားရတာပါ။
Hu ဟာ ကိုဗစ်ရောဂါဖြစ်ပွါးနေချိန်မှာ ဟိုတယ်၊စားသောက်ဆိုင်တွေနဲ့ တရုတ်သံရုံးတို့ကို သွားခဲ့တယ်ဆိုတာကို ကျန်းမာရေးအရာရှိကို ပြော
ပြခဲ့ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
၄င်းတို့စုံတွဲဟာ သူတို့ရဲ့တရားကြားနာမှုမှာ ရှေ့နေ ၃ ယောက်ငှါးရမ်းခဲ့ပြီး အချက်အလက်တွေကို တမင်တကာလိမ်လည်ခြင်း(သို့)ချန်လှပ် ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
Source-CNA
(Zawgyi)
စကၤာပူတြင္ကိုဗစ္၁၉ contact tracing ကိုဟန႔္တားမႈနဲ႔ တ႐ုတ္စုံတြဲကို ေထာင္ ဒဏ္ခ်မွတ္
လြန္ခဲ့တဲ့ ၂ႏွစ္က စကၤာပူကိုေရာက္ရွိခဲ့ၿပီး ရက္ ပိုင္းအတြင္းမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံက စုံတြဲကို ကူးစက္ေရာဂါအက္ဥပေဒနဲ႔ ႏိုဝင္ဘာ ၂၄ရက္ေန႔မွာေထာင္ ဒဏ္ခ်မွတ္လိုက္ပါတယ္။
အသက္ (၄၀)အ႐ြယ္ တ႐ုတ္ႏိုင္ငံသား Hu Junကို ဗုဒၶဟူးေန႔က ေထာင္ဒဏ္ ၅လခ်မွတ္ခဲ့ၿပီး ၄င္းရဲ႕ဇနီး Shi Sha (၃၈)ႏွစ္ကို ၆ လခ်မွတ္လိုက္တာပါ။
၄င္းတို႔စုံတြဲဟာ ၂ႏွစ္နီးပါးၾကာ တရား႐ုံးက စြဲခ်က္တင္ၿပီးေနာက္မွာ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရတာပါ။
တရားစြဲဆိုမႈအတြက္ Hu ဟာ ေထာင္ဒဏ္ ၅လ နဲ႔အတူ စကၤာပူေဒၚလာ ၁၀၀၀၀ ကိုပါ ဒဏ္ ေၾကးေပးေဆာင္ရမွာျဖစ္ၿပီး ၄င္းရဲ႕ဇနီး Shi ကေတာ့ ေထာင္ဒဏ္ ၆လနဲ႔အတူ ဒဏ္ေငြ စကၤာပူေဒၚလာ ၂၀၀၀၀ ကိုပါ ေပးေဆာင္ရမွာပါ။
Hu ဟာ စကၤာပူကို ၂၀၁၉ ၊ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ ေရာက္ရွိခဲ့ၿပီး ၉ရက္အၾကာမွာ ကိုဗစ္ပိုးကူးစက္ခံရေၾကာင္း အတည္ျပဳခဲ့ပါတယ္။
ဒါေၾကာင့္ ၄င္းဇနီး Shi ကို ေဖေဖာ္ဝါရီ ၁ရက္ ေန႔မွာ သီးျခားေနထိုင္ဖို႔ အမိန္႔ထုတ္ျပန္ခဲ့ေပမယ့္လည္း လိုက္နာျခင္းမရွိခဲ့ဘူးလို႔ ဆိုပါတယ္။
Hu ဟာ ကိုဗစ္၁၉ ေရာဂါရွာေဖြေတြ႕ရွိၿပီးေနာက္ မွာ မွားယြင္းတဲ့သတင္းအခ်က္အလက္မ်ားေပးျခင္းျဖင့္ အဆက္အသြယ္ေျခရာခံျခင္းကို အဟန္႔အတားျဖစ္ေစခဲ့တယ္လို႔ စြပ္စြဲခံထားရတာပါ။
၄င္းရဲ႕ဇနီး Shi ကေတာ့ က်န္းမာေရးအရာရွိမ်ားရဲ႕ အလုပ္ကို ေႏွာင့္ယွက္မႈ ၃ခုႏွင့္အတူ သီးျခားခြဲထားမႈအေျခအေနမ်ားကို လိုက္နာရန္ပ်က္ကြက္မႈ စုစုေပါင္း ၄မႈနဲ႔ စြဲခ်က္တင္ခံထားရတာပါ။
Hu ဟာ ကိုဗစ္ေရာဂါျဖစ္ပြါးေနခ်ိန္မွာ ဟိုတယ္၊စားေသာက္ဆိုင္ေတြနဲ႔ တ႐ုတ္သံ႐ုံးတို႔ကို သြားခဲ့တယ္ဆိုတာကို က်န္းမာေရးအရာရွိကို ေျပာ
ျပခဲ့ျခင္းမရွိခဲ့ဘူးလို႔ ဆိုပါတယ္။
၄င္းတို႔စုံတြဲဟာ သူတို႔ရဲ႕တရားၾကားနာမႈမွာ ေရွ႕ေန ၃ ေယာက္ငွါးရမ္းခဲ့ၿပီး အခ်က္အလက္ေတြကို တမင္တကာလိမ္လည္ျခင္း(သို႔)ခ်န္လွပ္ ထားျခင္းမရွိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။
Source-CNA