Sunday, November 9, 2025

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၈ ရက်က FX...

တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း လသာမြို့နယ်တွင်...

လသာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းသည် ယမန်နေ့ (နိုဝင်ဘာ ၈) ရက်က သူမ ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင်...
HomeNewsLocal Newsစက်သုံးဆီ ဈေးနှုန်းသက်သာရေး နိုင်ငံတော်မှ...

စက်သုံးဆီ ဈေးနှုန်းသက်သာရေး နိုင်ငံတော်မှ ရာခိုင်နှုန်းတစ်ခုစိုက်ထုတ်ကျခံပေး

ပြည်ပမှ ဝယ်ယူတင်သွင်း‌သော စက်သုံးဆီ ဈေးနှုန်းများသက်သာရေးအတွက် နိုင်ငံတော်မှ ရာခိုင်နှုန်းတစ်ခုစိုက်ထု တ်ကျခံပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းမှ ထုတ်ယူရရှိသည့် ရေနံစိမ်းများအား ဌာနကြီးကြပ်မှုအောက်ရှိ ရေနံချက်စက်ရုံများတွင် ချက်လုပ်ဖြန့် ဖြူးပေးလျက်ရှိသော်လည်း ပြည်တွင်းထုတ်လုပ်မှုမှာ နိုင်ငံအတွင်း လိုအပ်ချက်၏ (၃) ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ထပ်မံလိုအပ်သည့် စက်သုံးဆီအများစုကို နိုင်ငံခြားငွေဖြင့် ပြည်ပမှဝယ်ယူတင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံအတွက်လိုအပ်သည့် စက်သုံးဆီများကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရေးအတွက် ရေနံရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ခြင်း၊ ရေနံချက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး အစီအမံများ ချမှတ်၍အပိုင်းလိုက် အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်နေသည့်ကာလများအတွင်း စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်း အသုံးပြုရာ၌ အများပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် နိုင်ငံတော်မှရာခိုင်နှုန်းတစ်ခု စိုက်ထုတ်ကျခံဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများသည် ဒေသတွင်း အာဆီယံ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အထိုက်အလျောက်သက်သာမှုရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်မှ ပြည်သူလူထုသက်သာ ချောင်ချိရေးအတွက် စိုက်ထုတ်ဆောင်ရွက်ပေးမှုများအား ပြည်သူလူထုမှ အမှန်တကယ် အကျိုးခံစားခွင့်ရရှိစေရေး၊ ဈေးကွက်အတွင်း ဖြန့်ဖြူးလျက်ရှိသည့် စက်သုံးဆီများ၏အရည်အသွေးနှင့်အခြင်အတွယ် ပြည့်မီမှန်ကန်စေရေး၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝကောက်ခံရရှိရေးနှင့် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

ရေနံထွက်ပစ္စည်းဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက် (Petrol eum Products Supply Chain)အတွင်း စက်သုံးဆီ တင်သွင်းမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုမှသည် End User များသို့ ဖြန့်ဖြူးမှုအခြေအနေများအား လေ့လာစောင့်ကြည့် ထိန်းသိမ်းနိုင်ရေး၊ ရေနံထွက်ပစ္စည်းများ အရည်အသွေးပြည့်မီမှန်ကန်မှုရှိမရှိ စစ်ဆေးဆောင်ရွက်နိုင် ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်သုံးဆီဖူလုံမှုရှိစေရေး သိုလှောင်ထားရှိမှု (Stockpiling) အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ (Real Time) စစ်ဆေးကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် National Petroleum Laboratory & Online Monitoring Center ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ၂၀၂၂ -၂၀၂၃ ဘ ဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများအတွက် အကျပ်အတည်းမဖြစ်စေရန် စီမံကိန်းအား အဆင့်လိုက်အကောင်အထည်ဖော် လိုက်ပါဆောင်ရွက်စေခြင်း၊ အချို့ကိစ္စရပ်များအား ဖြေလျှော့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ယခုအခါ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါ National Petroleum Laboratory & Online Monitoring Center ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့်အတွက် သတ်မှတ်ချိန်အတွင်းပြီးစီးနိုင်ရေး စက်သုံးဆီတင်သွင်းသိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွရင်ဆိုင်ကျော်ဖြ-တ်သွားမည်ဖြစ်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်မှ စစ်ကိုင်းခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၅၀,၅၇၂) သန်း၊ တိုင်းလူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။  လက်ရှိအချိန်၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့်...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၁ နှင့် ၆၅/၂ ကြားတွင် SOUEAST (အနက်ရောင်) အိမ်စီးကားသည် အချက်ပြမီးဖွင့်၍ ညာဘက်လမ်းဘေး၌ရပ်ထားစဉ် NISSAN CONDOR (အပြာရောင်) ကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီး ကုန်တင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်မှ အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၈ ရက်က FX Market Online Trading Platform တွင် တစ်ဒေါ်လာ ၃၆၄၀ ကျပ်ဖြင့် ဈေးကွက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ၀ယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းနီးပါးကို နိုဝင်ဘာလ ၈ ရက်က စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံ ထုတ်ရောင်းပေးခဲ့သည်။ ယင်းနေ့ FX Trading တွင် ပေါင်းသတ်ဆေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071