Thursday, May 7, 2026

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး...

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊...
HomeMoviesစက်သုံးဆီ ချွေတာသည့် ခြေလှမ်းတရပ်အနေဖြင့်...

စက်သုံးဆီ ချွေတာသည့် ခြေလှမ်းတရပ်အနေဖြင့် ရန်ကုန်အခြေစိုက် နယ်သာလန်သံရုံး ဒုတိယသံရုံးအကြီးအကဲ စက်ဘီးစီးပြီး ရုံးတက်

စက်သုံးဆီ ချွေတာသည့် ခြေလှမ်းတရပ်အနေဖြင့် ရန်ကုန်မြို့ အခြေစိုက် နယ်သာလန်သံရုံး ဒုတိယသံရုံးအကြီးအကဲ၏ စက်ဘီးစီးပြီး ရုံးတက်သည့် ဓာတ်ပုံများကို သံရုံးလူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းက စကာ မြန်မာနိုင်ငံ၌ စက်သုံးဆီစျေးတက်ပြီး ပြတ်လပ်မှုနှင့် ကြုံခဲ့ရကာ လူအများစုက ကားဆီဖြည့်ရန် အတွက်၊ ကောက်ပဲ သီးနှံ ရိတ်သိမ်းရန်
အတွက်နှင့် သူတို့ရဲ့ ထွက်ကုန်များကို စျေးအရောက် ပို့ရန် သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ရန် ရုန်းကန်ကြရသည်ဟု ဆိုသည်။

ထို့ကြောင့် စက်သုံးဆီ ချွေတာရန် အတွက် ရုံးသွားလျှင် တတ်နိုင်သလောက် စက်ဘီးစီးသွားရန် ဒုတိယ သံရုံး အကြီးအကဲ မစ္စတာ ၀င်းမ် ‌ဗန်ဒွေါန်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း ဖော်ပြသည်။

“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။” ဟု သံရုံးဒုတိယအကြီးအကဲက ပြောသည်။

နယ်သာလန်နိုင်ငံတွင် စက်ဘီးစီးပြီးရုံးတက်ခြင်းမှာ ပုံမှန်အနေအထားတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် စက်ဘီးစီးရသည့်အခြေအနေကိုလည်း ဒုတိယသံရုံးအကြီးအကဲက ပြောကြားထားသေးသည်။

“မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေး ထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ။” ဟု သူက ပြောသည်။

လက်ရှိတွင် တစ်ရက်လျှင် ၂၅ မိနစ်ခန့် စက်ဘီးစီးနေပြီး ယင်းသို့လုပ်ဆောင်ခြင်းကြောင့် လူအများအပြားနှင့် ထိတွေ့ခွင့်ရသည်ဟု ၎င်းကပြောကြား သည်။

” စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။  ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့တော့ ကျွန်တော် ယုံတယ်။ စက်သုံးဆီ အသုံး လျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ” လို့ ဝင်းမ်က ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး  ၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး ကောင်းရပြီး မန္တလေးဈေးကွက် အရောင်းသွက်

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071