Monday, December 9, 2024

အမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်ဖြင့် အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးအဖွဲ့ (၃၈) ဖွဲ့ခွဲကာ...

အမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ် ရည်ရွယ်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ရာထူးသက်တမ်း လေးနှစ်တာအတွင်း အမေရိကသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူအားလုံးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထားကြောင်း သို့ရာတွင် “Dreamer” ဟု...

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ...

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ...

တရုတ်က အာဖဂန်ရှိ လူပေါင်း ၁၇၅,၀၀၀...

ကဘူးလ်၊ဒီဇင်ဘာ ၉ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး က လာမည့်သီတင်းပတ်များအတွင်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသွားမည်ဟု...
HomeNewsLocal Newsစက်သုံးဆီရည်ညွန်းဈေး သတ်မှတ်ချက်တွင်ပင် ၂၅၀၀...

စက်သုံးဆီရည်ညွန်းဈေး သတ်မှတ်ချက်တွင်ပင် ၂၅၀၀ ကျပ် ကျော်အထိ ဖြစ်လာ

စက်သုံးဆီရည်ညွန်းဈေး သတ်မှတ်ချက်တွင်ပင် ၂၅၀၀ ကျပ် ကျော်အထိ ဖြစ်လာ

စက်သုံးဆီ ဈေးနှုန်းများ ဆက်တိုက်ပြန်တက်လာရာမှ ယနေ့ ဩဂုတ်လ (၂၄) ရက် နစက၏ ရည်ညွှန်းဈေး နှုန်း၌ပင် ၂၅၀၀ ကျပ်ကျော်အထိ ပြန်လည် မြင့်တက်လာကြောင်း သိရသည်။

ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် ဈေးနှုန်းမငြိမ်သက်မှုများ ဖြစ်ပေါ်နေရာမှ ပြီးခဲ့သည့် အပတ်အတွင်း အကျဘက်သို ဦးတည်နေရာမှ တစ်စတစ်စ ပြန်လည် မြင့်တက်လာနေခြင်း ဖြစ်သည်။

ယနေ့ ဩဂုတ်လ (၂၄) ရက် နစက လက်အောက်ရှိ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ၏ ရည်ညွှန်းဈေးနှုန်းတွင် (95) တစ်လီတာလျင် ၂၅၂၅ ကျပ်၊ (92) တစ်လီတာလျင် ၂၄၄၀ ကျပ်အဖြစ် ရည်ညွှန်း သတ်မှတ်ထားခြင်း ဖြစ်သည်။

အဆိုပါ ရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်မြိုအတွင်းရောင်း ချရမည့် ရည်ညွှန်းဈေးနှုန်း ဖြစ်ပြီး မန္တလေးတိုင်းတွင် 95 တစ်လီတာလျင် ၂၅၇၀ ကျပ်၊ 92တစ်လီတာလျင် ၂၄၈၅ ကျပ်ဖြင့် ရောင်းချရန် ရည်ညွှန်း သတ်မှတ်ထား ခြင်း ဖြစ်သည်။

အလားတူ မြစ်ကြီးနားတွင် 95 တစ်လီတာလျင် ၂၆၅၀ နှင့် 92 တစ်လီတာလျင် ၂၅၆၅ ကျပ်၊ စစ်တွေမြိုတွင် ၂၆၆၅ ကျပ်နှင် ၂၅၈၀ ကျပ်၊ လားရှိးတွင် ၂၆၀၅ ကျပ်နှင့် ၂၅၂၀ ကျပ် ၊ တောင်ကြီးမြိုတွင် ၂၆၀၅ ကျပ်နှင့် ၂၅၂၀ ကျပ်၊ လွိင်ကော်တွင် ၂၆၁၀ ကျပ်နှင့် ၂၅၂၅ ကျပ်၊ ဟားခါးတွင် ၂၈၂၅ ကျပ်နှင့် ၂၇၄၅ ကျပ် နှင့် ကျိုင်းတုံတွင် 95 တစ်လီတာ ၂၉၄၅ ကျပ်နှင့် 92 တစ်လီတာ ၂၈၈၅ ကျပ်ဖြင့် အသီးသီးရောင်းချရန် ဈေးနှုန်း ရည်ညွှန်း သတ်မှတ်ထားသည်။

ပြည်တွင်း ဒေါ်လာဈေးကွက် မတည်မငြိမ်ဖြစ်ရာမှ စတင်ကာ ဈေးနှုန်းမြင့်တက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းများသည် ယနေ့ ဩဂုတ်လ ပေါက်ဈေးနှင့် နှိင်းယှဉ်ကြည့်ပါက (၂) လ ဝန်းကျင်အတွင်း ကျပ် ၁၀၀၀ နီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း၌ သုံးစွဲရန် စက်သုံးဆီ လုံလောက်စွာရှိနေပြီး ပြည်ပမှ မှာယူထားသည့် ဆီသင်္ဘော များလည်း မကြာမီရောက်ရှိလာမည်ဖြစ်ကြောင်း နစက ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထား သည်။

ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများလည်း မကြာမီရက်ပိုင်းအတွင်း ရောက်ရှိလာမည် ဖြစ်ကြောင်းလည်း၎င်းက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒုဗိုလ်ချုပ်ကြီးညိုစောအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးကာ ရုရှနိုင်ငံမှ စက်သုံးဆီ ဝယ်ယူရေး ကော်မတီတစ်ရပ်ကို ပြည်တွင်း စီးပွားရေးသမားအချို့နှင့် ဖွဲစည်းခဲ့သေးသည်။

> Daw Thet Wai:
🖼 Photo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား အားကစားပွဲတော် ပြိုင်ပွဲအတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀)ကျော် ကျန်းမာရေး စောင့်ရှောက်မှုပေးနေ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွင်း ကျန်းမာရေးဝန်ထမ်း (၂၅၀) ကျော်ဖြင့် အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေးအဖွဲ့များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးအဖွဲ့ (၃၈) ဖွဲ့ခွဲကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လစ်ဟင်းမှုမရှိစေရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့် သုံးစွဲရေးနှင့် အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အလေးထားဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သ ည်။ ထို့ပြင် ရွာတော်တည်းခိုရေးစခန်းတွင်လည်း (၂၄)နာရီဆေး ခန်းဖွင့်လှစ်ထားရှိကာ ဆေးပညာ၊ အရိုးနှင့် အကြောအဆစ်အထူးကုဆေးခန်းအချိန်ပိုင်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ အထူးကု ဆရာဝန်များဦးဆောင်၍ လာရောက်ပြသသည့်လူနာများကို ကြည့်ရှုကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းဆေးခန်းလည်း ဖွင့်လှစ်၍...

အမေရိကတွင်တရားမဝင်နေသူအာလုံးကို ပြည်နှင်ရန် ထရမ့်ပ် ရည်ရွယ်

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ရာထူးသက်တမ်း လေးနှစ်တာအတွင်း အမေရိကသို့ တရားမဝင်ရောက်ရှိနေထိုင်နေသူအားလုံးကို ပြည်နှင်ဒဏ်ပေးရန် ရည်ရွယ်ထားကြောင်း သို့ရာတွင် “Dreamer” ဟု ခေါ်တွင်သည့် ရွှေ့ပြောင်းနေထိုင်သူများကိုမူ အကာအကွယ်ပေးရေး သဘောတူညီချက်တစ်ခုလိုလားကြောင်း တနင်္ဂနွေနေ့တွင် NBC News သတင်းဌာနက ထုတ်လွှင့်ခဲ့သော “Meet the Press with Kristen Welker” အင်တာဗျူးအစီအစဉ်တွင် သူက ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မိဘများ၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အဆင့်သတ်မှတ်ချက် မည်သို့ပင်ရှိစေကာမူ အမေရိကတွင် မွေးဖွားသူတိုင်းကို နိုင်ငံသားဖြစ်ခွင့်ပေးသည့် မွေးရာပါနိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍လည်း...

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထား

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်မှ စတင်၍ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း နဝမတန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071