ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ယနေ့ (ဒီဇင်ဘာ ၁၂) တွင် PPRD ၏ ထုတ်ပြန်ချက်အရ စျေးဆက်ကျဆင်းနေသည်ကို တွေ့ရသည်။
ယနေ့ စျေးနှုန်းတွင် ဓာတ်ဆီ 92 သည် ၂၄၉၀ ကျပ်၊ 95 သည် ၂၅၄၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)သည် ၂၂၄၅ ကျပ်၊ ဒီဇယ်(ပရီမီယံ)သည် ၂၆၈၅ ကျပ်ဖြစ်သည်။
ယခင်အပတ်ကမူ ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၅၂၅ ကျပ်၊ 95 တစ်လီတာ လျှင် ၂၆၁၀ ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ၂၃၃၀ ကျပ်၊ ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ၂၈၀၅ ကျပ် ဖြစ်သည်။
ထို့ကြောင့် အသုံးများသည့်ဓာတ်ဆီဈေးနှုန်း၊ ဒီဇယ်ဆီဈေးနှုန်း ကျဆင်းလာခြင်းဖြစ်ကာ ပြီးခဲ့သည့်ဇူလိုင်လဒုတိယပတ်ကစ၍ ကျပ်သုံးထောင်အောက်သို့ တဖြည်းဖြည်းကျဆင်းလာခြင်း ဖြစ်သည်။
