ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအ ရ စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
ယခုတစ်ပါတ်တွင် သတ်မှတ်ထားသည့် စက်သုံးဆီစျေးနှု န်းမှာ ၉၂ တစ်လီတာ ကျပ် ၂၆၆၀၊ ၉၅ တစ်လီတာ ၂၇၆၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၃၇၀ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်တစ်ပါတ်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၈၃၅ ကျ ပ်၊ ၉၅ တစ်လီတာ ကျပ် ၂၉၄၅၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄ ၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၂၄၅၀ ဖြစ်သည့် အတွက် အနည်းငယ်စီကျဆင်းလာခြင်းဖြစ်သည်။
ယခင်တစ်ပတ် ဈေးနှုန်းထက် ၉၂ တစ်လီတာ ၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၁၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၇၅ ကျ ပ်၊ ပရီမီယံဒီဇယ်တစ် လီတာ ၈၀ ကျပ်အထိကျဆင်းလာခြင်း ဖြစ်သည်။