Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsစက်သုံးဆီစျေးနှုန်း ယနေ့တွင် 92...

စက်သုံးဆီစျေးနှုန်း ယနေ့တွင် 92 တစ်လီတာ၂၂၄၀ ကျပ်ဈေးဖြစ်လာ

စက်သုံးဆီစျေးနှုန်း ယနေ့တွင် 92 တစ်လီတာ၂၂၄၀ ကျပ်ဈေးဖြစ်လာ

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၁၂ ရက်(ယနေ့) တွင်၂၂၀၀ ကျပ်ကျော်ရောက်ရှိနေသဖြင့် ရန်ကုန် တိုင်းအတွင်း 92 Ron တစ်လီတာလျင် ၂၂၄၅ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မ တီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ပုသိမ်၊ဘားအံ၊မော်လမြိုင်တို့တွင်လည်း 92 Ron တစ်လီတာလျင် ၂၂၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်၊မုံရွာ၊မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် 92 Ron တစ်လီတာလျင် ၂၃၀၀ ကျပ်ကျော်၊ ဟားခါးတွင် ၂၅၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၂၇၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၂၂၄၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၁၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၅၅၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၆၂၆ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၁၄၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၀၃ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၄၃၆ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၅၀၇ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071