စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပ ညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ထားရှိမှု၌ (၈၉)ကျောင်း ရှိလာကြော င်း သိရသည်။
ထိုကျောင်းများကို ၂၀၂၃ -၂၀၂၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေး ပြည့်ဝသည့် အသက်မွေးဝမ်း ကျောင်းပညာရေးနှင့် ချိတ်ဆက် ပေါင်းကူးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ကျောင်းများ၌ Grade-10 တွင် ကျောင်းသား၊ ကျောင်းသူ (၅၀၀၀)ကျော်၊ Grade -11 တွင် ကျောင်းသား၊ ကျောင်းသူ (၅၀၀၀)ကျော်နှင့် Grade -12 တွင် ကျောင်းသား၊ကျောင်းသူ (၃၀၀၀)ကျော် တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ကြောင့် Grade-9 ပြီးမြောက်ပါက ပညာဆက်လက်သင်ယူနိုင်ရန် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက်ရောက်လိုသည့် အခြေခံပညာဘာသာရပ်တွင် သက်မွေးပညာများဖြစ်သည့် စက်မှုနည်းပညာနှင့် စိုက်ပျိုးရေးနည်းပညာကို သင်ယူလေ့လာခွင့်ရရှိနိုင်မည်ဖြစ်သည်။
ထို့ပြင် အခြေခံဘာသာရပ်များကို အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများ၊ နည်းပညာဘာသာရပ်များကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များကို စိုက်ပျိုးရေးနှင့် မွေးမြူရေးဦးစီးဌာနများမှ ဆရာ/ဆရာမများက အားဖြည့်သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ – Edge. com mm
