ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၁)နှင့် ဝါးတရားစက်မှုဇုန်တို့ရှိ စက်ရုံပေါင်း (၁၂၆)ရုံကို မီးဘေးလုံခြုံရေးဆိုင် ရာကိစ္စရပ်များအသိပညာပေးဟောပြော ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ယနေ့ မတ်လ(၄)ရက် နံနက် (၁၀)နာရီ အချိန်က ရွှေပြည်သာစက်မှုဇုန်(၁)နှင့် ဝါးတရာစက်မှုဇုန် ကော်မတီရုံးအစည်းအဝေးခန်းမတွင် လုပ်ငန်းရှင်များအား ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး အ ပါအဝင် ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဟောပြောခဲ့သည်။
ထို့ကြောင့် လက်တွေ့မီးငြှိမ်းသတ်ရေးသ ရုပ်ပြခြင်း၊ 191 Report Mobile Applica – tion အသုံးပြု၍ မီးသတ်ဦးစီး ဌာနသို့ သတင်းပို့သည့်စနစ်အား ရှင်းပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီး ဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အကြံပေးခြင်းနှင့် လိုအပ်သည်များ ထပ်မံဆောင်ရွက်ထားရှိရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၇) ရပ်ကွက်၊ ညောင်ပင်လေးစျေးအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်းနှင့်အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေများကိူ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဈေးဆိုင်ခန်းများတွင် သွယ် တန်းထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည်နေမှု ရှိ/မရှိ၊ မီးသတ်ရေငုတ်များ၏ ရေထွက်မှု အခြေအနေများကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
