Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeCelebrities' Newsစက်အဖွဲ့သားများနဲ့ ကိုလူချောတို့အဖွဲ့ကို ဆန်နဲ့ဆီ...

စက်အဖွဲ့သားများနဲ့ ကိုလူချောတို့အဖွဲ့ကို ဆန်နဲ့ဆီ လှူဒါန်းသွားမယ့် ပိုင်ဖြိုးသု

၂ဝ၁၇ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့3 Girlsရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရရှိခဲ့ပြီ ဖြစ်ပါတယ်။ သူမရဲ့ အကယ်ဒမီဂုဏ်ပြုညစာစားပွဲကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ၈ မိုင်လမ်းဆုံအနီးမှာရှိတဲ့ Fisherman’s WHARF Fish Hotpot ဆိုင်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဂုဏ်ပြုပွဲပြုလုပ်ပေးခံရတဲ့ သူမရဲ့ခံစားမှုတချို့ ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“Fisherman’s WHARF Fish Hotpo က အကယ်ဒမီရခဲ့တဲ့ အထိမ်းအမှတ် အနေနဲ့ အသိမိတ်ဆွေတွေနဲ့အတူ ညစာစားဖို့ပွဲလေးစီစဉ်ပေးတာပါ။ ဂုဏ်ပြုညစာစား ပွဲဆိုတာထက် မေမေ့သူငယ်ချင်းတွေ၊ ဖေဖေ့သူငယ်ချင်းတွေနဲ့ဆုံပြီးတော့ ညစာစားကြ တာပေါ့။ ခုလိုပွဲလေး စီစဉ်ပေးတဲ့အတွက် သု တအားပျော်ပါတယ်။ တချို့ဖေဖေ သူငယ်ချင်း၊ မေမေ့သူငယ်ချင်းတွေဆိုရင် သုနဲ့မတွေ့ဖြစ်တာလည်း တော်တော် ကြာပြီ။ သု လည်း သု အလုပ်တွေနဲ့ လူကြီးတွေကလည်း သူတို့အလုပ်နဲ့ သူတို့ဆိုတော့ ဒီနေ့ဟောပေါ့စားရင်းနဲ့ တွေ့ကြတာပေါ့။ သုကလည်း ဟောပေါ့ကြိုက်တယ်။ ဒါပေမဲ့ သုက သက်သတ်လွတ်စား တယ်ဆိုတော့ ဒီဆိုင်ကကောင်းလည်းကောင်းတယ်။ သက် သတ်လွတ်လည်းရတယ်ဆိုတော့ တော်တော်လေးအဆင် ပြေပါတယ်”လို့ ပြောပြခဲ့ပါတယ်။

အကယ်ဒမီဆုရ သရုပ်ဆောင်တစ်ဦးဖြစ်သွားတဲ့အတွက် သူမအနေ နဲ့ ပရိသတ်အတွက်တာဝန်ပိုကြီး လာတယ်လို့ ပြောလာတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု က …

“သု အကယ်ဒမီရသွားပြီဖြစ်လို့ ပရိသတ်အတွက် ပိုပြီးတာဝန်ကြီး သွားတာပေါ့။ ပရိသတ်အပေါ်မှာလည်း ဒီထက်တာဝန်ကျေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ သု ဒီထက်ပိုပြီးလည်း ပရိသတ်တွေအတွက် ကြိုးစားသွားမှာပါ။ ဆုရတာကတော့ ပထမဆုံးလည်းဖြစ်နေတော့ တအားပျော်တာပေါ့။ ဆုရပြီး တစ်ရက်နှစ်ရက်လောက်အထိ အိပ်မက် လား တကယ်လား မသဲကွဲပါဘူး။ လူကြီးတွေက သုကို အားပေးတဲ့အနေနဲ့ ရှေ့ဆက်ဖို့အားတွေရှိအောင် သုကိုအကယ်ဒမီပေးဖို့ဆုံးဖြတ်လိုက် တယ်လို့ထင်ပါတယ်။ သုစိတ်ထဲမှာလည်း ပိုပြီးကြိုးသွားမယ်ဆိုတာပဲ စိတ်ထဲမှာရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

အကယ်ဒမီဆုရရှိခဲ့တဲ့ အထိမ်းအမှတ်အဖြစ် အလှူတစ်ခုပြုလုပ်ဖို့ လည်း စီစဉ်နေပြီး ပြုလုပ်မယ့် အလှူနဲ့ပတ်သက်ပြီးတော့လည်း ပိုင်ဖြိုး သု က . . .

“သု ရုပ်ရှင်အစည်းအရုံးက စက်အဖွဲ့ဝင်တွေရယ်၊ ပြီးတော့ကို လူချောတို့အဖွဲ့ရယ်ပေါ့နော်။ သူတို့ တွေကို ဆန်တွေ၊ ဆီတွေ လှူဒါန်းဖို့ ရှိပါတယ်။ ရက်ကတော့ မသေချာသေးပါဘူး။ ဘာလို့လဲဆိုတော့ တချို့က နယ်ရောက်နေတဲ့အတွက်ပါ။ အားလုံးလူဆုံတဲ့နေ့ကျရင် လုပ်ဖြစ်မှာပါ။ ဧပြီလ ပထမအပတ်လောက်မှာ ဖြစ်ဖို့များပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071