သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွင် အရေးပါသည့် ငှက်မျိုးစိတ်လေးများ အကြောင်းကို စနစ်တကျ လေ့လာနိုင်ရန်တွက် ဖရီဒါအသင်း (FREDA) ကြီးက ပထမဦးဆုံးအကြိမ်အဖြစ် “ငှက်ကြည့်ခြင်း (Bird Watching) သင်တန်း” ကို မကြာမီ အချိန်အတွင်းမှာ ဖွင့်လှစ်မည် ဖြစ်ကြောင်း ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
FREDA ဆိုသည်မှာ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (Forest Resource Environment Development and Conservation Association) ဖြစ်ပြီး မြန်မာနိုင်ငံ သစ်တောကဏ္ဍတွင် တက်ကြွစွာ လှုပ်ရှားနေသော နိုင်ငံရေးနှင့် မပတ်သက်သည့် အကျိုးအမြတ်မယူသော အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ခုဖြစ်ပြီး ၁၉၉၅ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။
ဌက်များ၏အမည်ကိုသိလိုသူများနှင့် ငှက်မျိုးစိတ်လေးများ၏ အပြုအမှုများ နှင့် အလှတရားများကို ခံစားချင်သူများ တက်ရောက်နိုင်ကြောင်း သိရသည်။
ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို စိတ်ဝင်စားသူများ စိတ်အပန်းပြေမည့် ဝါသနာအသစ်တစ်ခုကို မွေးမြူချင်သူများ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း အသိပေးထားသည်။
သင်တန်းဖွင့်လှစ်မည်ရက်ကို မကြာခင် FREDA အသင်း၏ FACEBOOK လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုလည်း FACEBOOK CB တွင် လာရောက်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
