Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeNewsLocal Newsငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင်...

ငွေကြေးအရင်းအနှီးလိုအပ်နေသော ဆီစက်ပိုင်ရှင်များအား တစ်နှစ်လျှင် အတိုးနှုန်း ငါးရာခိုင်နှုန်းဖြင့် ချေးငွေထုတ်ချေးမည်

ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးယူလိုပါက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်လျှောက်ထားနိုင်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့သည် ပြည်တွင်းရှိဆီစက်များသို့ အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လုပ်ငန်းသုံးရင်းနှီး လည်ပတ်ငွေ လိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထူထောင်ထားသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများကို မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တို့မှ ထုတ်ချေးပေးလျက်ရှိသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေကို အောက်ပါအချက်များနှင့် ညီညွတ်ပါက လျှောက်ထားနိုင်ကြောင်း သိရသည်။ ၎င်းတို့မှာ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမည်၊ လုပ်ငန်းအမည်ပေါက် လိုင်စင် (သက်တမ်းရှိ) ရှိရမည်၊ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) များကို ပေးအပ်နိုင်ရမည် စသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ရှိချေးငွေရယူထားသူများအနေဖြင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေရယူလိုပါက သီးခြားအာမခံတင်သွင်းနိုင်မှသာ လျှောက်ထားနိုင်ကြောင်း သိရသည်။

FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူနှင့် သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင်လုပ်ငန်းရှင်များအား ဦးစားပေးစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (က) ချေးငွေပမာဏအနေဖြင့် (၁) လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေ ကျပ် သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၅,၀၀၀ အထိ၊ (၂) မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေအနည်းဆုံး ကျပ် သိန်း ၂၀၀ မှ အများဆုံး ကျပ် သိန်း ၅,၀၀၀ အထိ၊ (၃) ကျပ်သိန်း ၅၀၀၀ အထက် ကျပ်သိန်း ၁၀,၀၀၀ အထိ ချေးငွေရယူလိုသော ကုမ္ပဏီအစုအဖွဲ့များ၊ ဆီစက်ကြီးများအနေဖြင့် စက်အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့တပ်ဆင်ခြင်းများအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) သို့ တို-က်ရို-က်ပေးပို့လျှောက်ထားရန် ဖြစ်သည်။

ချေးငွေသက်တမ်းနှင့် ပြန်ဆပ်ကာလအနေဖြင့် လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေသက်တမ်းတစ်နှစ်၊ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေသက်တမ်း (၃) နှစ် ဆိုင်းငံ့ကာလ (၁) နှစ်၊ ပြန်ဆပ်ကာလ (၂) နှစ်၊ (၄) ရစ်ပေးဆပ်ရန်ဖြစ်ပြီး ချေးငွေအတိုးနှုန်းအနေဖြင့် ၁ နှစ်လျှင် ငါးရာခိုင်နှုန်းဖြစ်သည်။

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် အောက်ပါ ရုံး၊ ဌာန၊ ဘဏ်ခွဲများတွင် ချေးငွေအဆိုပြုလွှာများရယူ၍ လျှောက်ထားနိုင်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများအားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးနှင့် ပုဂ္ဂလိကဘဏ် (၁၄) ဘဏ်တွင် လျှောက်ထားနိုင်သည်။

ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန website www.mopf. gov.mm၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website http://msmewebportal.gov.mm မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း website http://meoda.myanmarwebtraining.com MEB website www. meb.gov.mm MADB website www.madb.gov.mm တို့တွင် download ရယူနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071