Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeMoviesငွေကြေးလိုအပ်ချက်ကြောင့် မှော်ဘီ စန္ဒကူးမြိုင်ရိပ်...

ငွေကြေးလိုအပ်ချက်ကြောင့် မှော်ဘီ စန္ဒကူးမြိုင်ရိပ် သာကျောင်းတိုက်ဆရာတော် ဥူးပညာဝံသ(ခ)ဒေါက် တာဖေဉာဏ်အားသတ်ဖြတ်ပြီး ဖုန်းနှင့် ငွေများယူ ဆောင်သွားသူ(၅)ဦးကိုဖမ်းဆီးရမိ

ငွေကြေးလိုအပ်ချက်ကြောင့် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော် ဥူးပ ညာဝံသ(ခ)ဒေါက်တာဖေဉာဏ်အားသတ်ဖြတ်၍ ဖုန်း (၂)လုံးနှင့် ငွေကျပ်(၅)သိန်းတို့ကိုယူဆောင်သွားသူ(၅) ဦးအား ဇူလိုင် ၁၁ ရက်ကသက်သေခံပစ္စည်းများနှင့်အ တူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်း တိုက်တွင် သီတင်းသုံးနေတော်မူသည့် ဆရာတော်ဥူးပညာဝံသ(ခ)ဒေါက်တာဖေဉာဏ် သက်တော်(၇၅)နှစ်၊ ဝါတော်(၁၅)ဝါသည် ဇူလိုင် ၂ ရက်နေ့လယ်ပိုင်းက ကျောင်းတိုက်ရှိကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့်သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ ဖုန်း(၂) လုံးမှာပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွင် မှော်ဘီမြို့မရဲစခန်းက (ပ)၃၂၂/၂၀၂၆၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ဖြင့်အမှုရေးဖွင့်ကာ လုံခြုံ ရေးအဖွဲ့ဝင်များပါဝင်သည့် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင် ၁၁ ရက်တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်ထွန်း(ခ)ပိုင်လေး(၂၀)နှစ်၊ စိုးရာဇာ (ခ)စိုးဝင်းကျော်(၂၂)နှစ်၊ ဝေယံနိုင်(ခ)ဝေယံ(၁၉)နှစ်၊ တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလား(၂၈)နှစ်၊ ဇူ လိုင် ၁၂ ရက်တွင် စိုးထက်(ခ)အေကေတီ(၁၉)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ငွေကြေးအဆင်မပြေသဖြင့် စန္ဒ ကူးမြိုင်ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း ဝင်ရောက်ခိုးယူရာ ဆရာတော်ကြီးမှ မြင်တွေ့သွား၍ အသင့်ပါလာသည့် အရိုး/အသွား(၁၈)လက်မခန့်ရှိ ဓား မြှောင်(၁)ချောင်း၊ ကျောင်းဆောင်အတွင်းမှတွေ့ရှိသည့် စတီးဓား(၁)ချောင်းတို့ဖြင့် ဆရာတော်ကြီးအားထိုးသတ်ပြီး ဖုန်း(၂)လုံးနှင့် ငွေကျပ်(၅)သိန်းတို့အား လု ယက်ယူဆောင်ခဲ့ကြသည်ကိုဖော်ထုတ်သိရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ(၅)ဦးအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071