Wednesday, February 18, 2026

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ...

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း...

သွေးအကြိမ် ၁၀၀ လှူဒါန်းသူ နှစ်ဦးနှင့်...

မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်) က အကြိမ် (၂၀) နှင့်အထက် စေတနာသွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့နယ်၌ ဖေဖေါ်ဝါရီ ၁၄ရက်က...
HomeNewsLocal Newsငွေကြေးဈေးကွက်အတွင်း (၂၀၀၀၀) တန်...

ငွေကြေးဈေးကွက်အတွင်း (၂၀၀၀၀) တန် ငွေစက္ကူများ အလုံးအရင်းဖြင့် ဝင်ရောက်လာမည်မဟုတ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံ ပြောကြား

ငွေစက္ကူအသစ် ကျပ် (၂၀၀၀၀) တန်သည် အလုံးအရင်းဖြင့် ထုတ်မည့် ပိုက်ဆံမဟုတ်ဘဲ အထိမ်းအမှတ်အနေဖြင့်ထုတ်သော ငွေစက္ကူဖြစ်သည့်အတွက် ဈေးကွက်အတွင်းအလုံးအရင်းဖြင့် ဝင်ရောက်လာမည်မဟုတ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

(၂၀၀၀၀) တန် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည်ဟု ဇူလိုင်လ (၂၃) ရက်တွင် ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ပြီးနောက် ဖြစ်ပေါ်လာသည့် ကောလာဟလသတင်းများနှင့် ပတ်သက်၍ ၎င်းက ပြန်လည်ရှင်းလင်းခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ငွေစက္ကူကို အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ခဲ့တာမရှိပါဘူး။ ဒါပေမဲ့ (၇၅)နှစ်ပြည့် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေဒင်္ဂါးပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန်တုန်းကလည်း သတ်မှတ်ထားတဲ့ ငွေကြေးပမာဏပေးပြီး ဝယ်လို့ရတယ်ဆိုပေမယ့် များများစားစား ဝယ်လို့ရတာ မဟုတ်ပါဘူး။ အခုကိစ္စမှာလည်း ဒီလိုပဲ အတူတူပါပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အတွင်းပါသည့် ငွေစက္ကူ ကျပ် (၂၀၀၀၀) တန်အသစ်သည် အ ထိမ်းအမှတ်အနေဖြင့်ထုတ်ဝေသည့် ငွေစက္ကူဖြစ်၍ ယင်းပိုက်ဆံနှင့် တန်ဖိုးတူညီသော ငွေပမာဏကို ဘဏ်၌သွင်းပြီးမှသာ ငွေစက္ကူကျပ် (၂၀၀၀၀) တန်အသစ်ကို ထုတ်ပေးမည်ဖြစ်ပြီး ထုတ်ပေးရာတွင်လည်း အကန့်အသတ်ဖြင့်သာ ထုတ်ပေးမည်ဟု ပြောကြားသည်။

“ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ် (၂၀၀၀၀) တန်အသစ် သိန်းတစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူအဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်းသိန်းတစ်ရာ ထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို (၃) ရွက်ပဲ ထုတ်ပေးမှာပါ။ အဲဒီ (၃) ရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနားလည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှ ဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။

ယင်း ငွေစက္ကူများကိုလည်း ငွေစက္ကူအဟောင်းနှင့် လဲလှယ်နိုင်ရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး လာရောက်လဲလှယ်သည့် ငွေစက္ကူအဟောင်းများကို ဗဟိုဘဏ်မှ အကုန်လုံးဖျက်ဆီးပစ်လိုက်မည်ဖြစ်၍ ငွေရေးကြေးရေးဈေးကွက်အတွင်းသို့ ငွေစက္ကူ ကျပ် (၂၀၀၀၀) တန်အသစ်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမည်ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း အာမခံသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လက်ခံထားတဲ့ အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆(ဃ)မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းယူခြင်းမပြုဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆(စ)မှာပါတဲ့ တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့ အာမခံပြီးဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယခင် တရားဝင်ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေသည့်ငွေကြေးများကို တရားမဝင်ငွေကြေးအဖြစ် မည်သည့်အခါမှ သတ်မှတ်မည်မဟုတ်ဘဲ အစိုးရအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကောင်းစွာထိန်းသိမ်းနိုင်သော အခြေအနေတွင်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယုံကြည်စိတ်ချစွာ လုပ်ကိုင်ကြရန် မိမိတို့အနေဖြင့် အာမခံသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

Photo – The Asian Age

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်က အမေရိကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှုတွင်ပထမဆုံးအကြိမ်ပါဝင်မည်

ဖေဖော်ဝါရီ ၁၈ ရက် ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ကျင်းပမည့် ဆလာ့ခ်နစ်ဘ် စစ်ရေးလေ့ကျင့်မှုအတွက် ထိပ်တန်းစစ်သည် ၃၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစေလွှတ်မှုသည် အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုတွင် အခြားမိတ်ဖက်နိုင်ငံမှ တပ်ဖွဲ့ဝင်များက ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ရပ်သည် နှစ်နိုင်ငံ တည်းထိ‌တွေ့ဆောင်ရွက်မှုများမှ အမေရိကန် မဟာမိတ်များအကြား အပြန်အလှန် အမှီသဟဲပြုသော ဘက်စုံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုသို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ ဝေးလံသောကျွန်းစုများ ကာကွယ်ရေး၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများကို ပိုမိုအာရုံစိုက်လာခြင်းဖြစ်ကြောင်း...

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး တာဝန်မှ တရားဝင် အနားယူ

ဖေဖော်ဝါရီ ၁၆ ရက် တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ရန်လီဝေး သည် လက်ရှိတာဝန်များမှ တရားဝင် အနားယူခဲ့ပြီဖြစ်သော်လည်း ၎င်းအနေဖြင့် လေ့ကျင့်ခန်းများ ဆက်လက်ပြုလုပ်ဆဲဖြစ်ပြီး လိုအပ်ပါက အာကာသဝတ်စုံကို ပြန်လည်ဝတ်ဆင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး အဖွဲ့သည် စည်းမျဉ်း/စည်းကမ်းဥပ‌ဒေများအရ အောက်တိုဘာလတွင် ပျံသန်းမှု ရပ်နားခဲ့ရသော်လည်း "အကယ်၍ မိခင်နိုင်ငံက လိုအပ်မယ်ဆိုရင် ကျွန်တော်တို့ ပျံသန်းမှုတွေကို ပြန်လည်စတင်နိုင်ပါတယ်" ဟု ၎င်းက စနေနေ့က CCTV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယခုအခါ...

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းထန်းပင်ဝင်တိုက်ခဲ့မှု အမြန်လမ်းတွင်ဖြစ်ပွား   အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများ အားလုံး၏ (၈၀)ရာခိုင်နှုန်းသည် ယာဉ်မောင်းအိပ် ငိုက်ခြင်းကြောင့်ဖြစ်

Insight ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်ကိုဝင်တိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၇ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးပေါ်၌ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Insight ကားသည် မိုင်တိုင်အ မှတ် ၁၂၆/၁ အနီးအရောက် ကားမောင်းသူအိပ်ငိုက်ကာ လမ်းလယ်ကျွန်းပေါ်ရှိ ထန်းပင်အားတိုက်မိပြီးနောက် လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ကားမောင်းသူတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အမြန်လမ်း၌ဖြစ်ပွားသောယာဉ်မတော်တ ဆမှုများအားလုံး၏ (၈၀)ရာခိုင်နှုန်းသည် ကားမောင်းသူအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ကားမောင်းသူများအနေ ဖြင့် နှစ်နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း၌ သတ်မှတ်ယာဉ်ရပ်နားစခန်းများတွင်ခေတ္တနားနေကြရန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071