Sunday, March 16, 2025

တယ်လီဂရမ်တည်ထောင်သူကို ပြင်သစ်မှယာယီထွက်ခွာခွင့်ပြု

ပါရီ၊မတ် ၁၅ တယ်လီဂရမ်တည်ထောင်သူ ပါဗယ်ဒူရော့ဗ် သည် ၎င်းကို ရာဇဝတ်မှုမြောက်မြားစွာဖြင့် တရားစွဲဆိုထားသည့် ပြင်သစ်နိုင်ငံမှ ယာယီထွက်ခွာခွင့်ရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနကပြောကြားခဲ့သည်။ "သူ ဒီမနက်ပဲပြင်သစ်ကထွက်သွားတာပါ။အာဏာပိုင်တွေရဲ့ ယာယီထွက်ခွာခွင့်ပြုချက်နဲ့ထွက်သွားတာဖြစ်ပါတယ်" ဟု...

ထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့် အာအက်ဖ်အီးတို့ကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရသည် ရုရှား နှင့် တရုတ်တို့၏ သတင်းအချက်အလက် ထိုးစစ်ကို တန်ပြန်ရာတွင် အရေးပါသည်ဟု ကာလကြာရှည်စွာ မှတ်ယူထားသော ဗီအိုအေ(အမေရိကန်အသံ) နှင့်...

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း...

နွေရာသီ ပူပြင်းခြောက်သွေ့သည့် လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်...

၂၀၂၅ ခုနှစ် နွေရာသီမှာ အပူချိန် မများနိုင်သော်လည်း နွေ ရာသီကာလ ဖြစ်လေ့ရှိသော ပူပြင်းခြောက်သွေ့သည့် လေ ပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ရန်...
HomeNewsLocal Newsငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့...

ငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့ ချရန်နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်နိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး

ငွေကြေးခဝါချမှုကြောင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်လျှော့ ချရန်နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်နိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး

မြန်မာနိုင်ငံ၌ ငွေကြေးခဝါချမှုကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်မှု အန္တရာယ် လျော့ပါးရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်း အချို့တို့ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group–AP JG)၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင် ရွက်ချက်များ ဆွေးနွေးခြင်းဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ ဆွေးနွေးမှုကို သြဂုတ် (၂၃) ရက်မွန်းလွဲ ၂ နာရီခွဲက ဗဟိုဘဏ်၌ Video Conferencing ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးမှုတွင် AP JG အဖွဲ့၏ Co chair ဖြစ်သည့် အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က အမှာစကားများပြောကြားခဲ့ကြသည်။

ထို့နောက် ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား အထောက်အ ထားများကို အခြေခံ၍ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့ပါးစေရန် ဆောင်ရွက်ခြင်း၊ အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

အလားတူ သက်ဆိုင်ရာကဏ္ဍအလိုက် ကုမ္ပဏီအ ဖွဲ့အစည်းများအပေါ် အပြည့်အဝအရေးယူနိုင်သည့် ကြီးကြပ်ရေးအာဏာပိုင်အသစ်များ ပြောင်းလဲပြင်ဆင်ခန့်အပ်၍ ကြီးကြပ်သည့်လုပ်ငန်းများ စနစ်တကျချဉ်းကပ်ဆောင်ရွက်ခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းတို့တွင် ပြည့်စုံစွာဖော်ပြရန်ဆောင်ရွက်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပစ္စည်းများစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက မူကြမ်းရေးဆွဲခြင်း၊အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်ကုလသမဂ္ဂလုံခြုံရေးကောင် စီဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြားသေကျေစေသည့် လက်နက်များပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာတိုးတက် ဆောင်ရွက်မှုများနှင့်ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လိုက်နာမှုကို ကွင်းဆင်း စစ်ဆေးခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် FATF မှ အကြံပြုထားသည့် Action Plan ပါအားနည်းချက်များကို ပြည့်စုံစွာပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်၍ ကြီး မားစွာလိုက်နာဆောင်ရွက်မှုအဆင့်သို့ တိုးမြှင့် ပေးစေလိုသည်ဟု AP JG အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ ငွေကြေးဆိုင်ရာအရေးယူဆောင် ရွက်ရေးအဖွဲ့ (Financial Action Task Force- FATF)နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အလားတူ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦး ဆောင်၍ ဥပဒေရေးရာဝန်ကြီးဌာန၊အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်၊မြန်မာနိုင်ငံရဲတပ် ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ပြည်ထောင်စုတရားစီ ရင်ရေးကြီးကြပ်မှုရုံး၊ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီး ဌာန၊အကောက်ခွန်ဦးစီးဌာန၊သစ်တောဦးစီးဌာန၊မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ် ငန်းနှင့်ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တယ်လီဂရမ်တည်ထောင်သူကို ပြင်သစ်မှယာယီထွက်ခွာခွင့်ပြု

ပါရီ၊မတ် ၁၅ တယ်လီဂရမ်တည်ထောင်သူ ပါဗယ်ဒူရော့ဗ် သည် ၎င်းကို ရာဇဝတ်မှုမြောက်မြားစွာဖြင့် တရားစွဲဆိုထားသည့် ပြင်သစ်နိုင်ငံမှ ယာယီထွက်ခွာခွင့်ရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနကပြောကြားခဲ့သည်။ "သူ ဒီမနက်ပဲပြင်သစ်ကထွက်သွားတာပါ။အာဏာပိုင်တွေရဲ့ ယာယီထွက်ခွာခွင့်ပြုချက်နဲ့ထွက်သွားတာဖြစ်ပါတယ်" ဟု အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးကပြောကြားခဲ့သည်။ အခြားသတင်းရင်းမြစ်တစ်ခု၏အဆိုအရ တရားသူကြီးက ၎င်းကို ပြင်သစ်နိုင်ငံမှယာယီထွက်ခွာရန်ခွင့်ပြုပေးခဲ့ကြောင်းသိရပြီး ဒူရော့ဗ် သည် ယခုအခါ ဒူဘိုင်းသို့ထွက်ခွာသွားပြီဟု တတိယသတင်းရင်းမြစ် တခုကလည်းပြောကြားခဲ့သည်။ တယ်လီဂရမ်မှပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကို အေအက်ဖ်ပီကဆက်သွယ်ခဲ့ရာ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့ပြီး အသေးစိတ်ကို နောက်ပိုင်းတွင်ကုမ္ပဏီဘက်မှ ကြေငြာချက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်သော ဒူရော့ဗ်သည် ၂၀၂၄ ခုနှစ် သြဂုတ်လက ပါရီမြို့ပြင်ရှိ လွတ်ဘူရေး လေဆိပ်တွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းတည်ထောင်ခဲ့သည့်...

ထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့် အာအက်ဖ်အီးတို့ကို ယာယီရပ်ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရသည် ရုရှား နှင့် တရုတ်တို့၏ သတင်းအချက်အလက် ထိုးစစ်ကို တန်ပြန်ရာတွင် အရေးပါသည်ဟု ကာလကြာရှည်စွာ မှတ်ယူထားသော ဗီအိုအေ(အမေရိကန်အသံ) နှင့် အခြား အမေရိကရန်ပုံငွေ ထောက်ပံ့မှုဖြင့် ထုတ်လွှင့်သည့် သတင်းဌာနများကို စနေနေ့တွင် ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ ဗီအိုအေ၊ အာအက်ဖ်အေ၊ အာအက်ဖ်အီးနှင့် အခြားသော သတင်းဌာနများမှ ရာနှင့်ချီသော သတင်းထောက်များသည် ၎င်းတို့ သတင်းစာတိုက်၊ အသံလွှင့်ရုံများကို လာစရာမလိုတော့ကြောင်းနှင့် ဝန်ထမ်းကတ်များ၊ ရုံးပိုင်တယ်လီဖုန်းများနှင့် အခြား ပစ္စည်းကိရိယာများကို ပြန်အပ်ရမည်ဖြစ်ကြောင်း ရေးသားထားသည့် အီးမေးလ်ကို စနေနေ့တွင်...

နယူးဒေလီမြို့တွင် ကျင်းပမည့် အထူးသံတမန်သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်မည်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service - SSIFS တို့အကြား MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)အရ SSIFS တွင် မြန်မာသံတမန်များအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071