ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူတွေကို ပြည်ကြီးတံခွန်မြို့နယ်မှာဖမ်းမိ
ရှမ်းပြည်(မြောက်ပိုင်း)ကနေ မန္တလေးတိုင်းကို သယ်လာတဲ့ ဘိန်းဖြူတွေကို မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် ည ၇ နာရီခွဲမှာ ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားမှာ ယာဉ်မောင်းစိုင်းထွန်းအောင် မောင်းလာတဲ့ NISSAN DIESEL ၁၂ ဘီးကားကို သတင်းအရရှာဖွေရာမှာ ဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ ရဲကပြောပါတယ်။
ကားပေါ်က လွှစာမှုန့်၊နွားချေးအိတ်တွေနဲ့ ဖုံးအုပ်ထားတဲ့ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ(ဘိန်းဖြူ ၄၁ ဒသမ ၈ ကီလို)ကို ဖမ်းမိခဲ့တာပါ။
ဒါ့ကြောင့် ကားမောင်းသူကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကိုဖမ်းမိဖို့အတွက် စစ်ဆေးနေပါတယ်။
Zaw Gyi
ေငြက်ပ္ ၁ ဘီလီယံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴေတြကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာဖမ္းမိ
ရွမ္းျပည္(ေျမာက္ပိုင္း)ကေန မႏၲေလးတိုင္းကို သယ္လာတဲ့ ဘိန္းျဖဴေတြကို မူးယစ္ေဆးဝါးတား ဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြပါတဲ့ ပူးေပါင္းအဖြဲ႕က ဒီဇင္ဘာ ၂၉ ရက္ ည ၇ နာရီခြဲမွာ ဖမ္းမိခဲ့ျခင္းျဖစ္ပါတယ္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၅၆ လမ္း၊ ၁၃၂ လမ္းႏွင့္ ၁၃၃ လမ္းၾကားမွာ ယာဥ္ေမာင္းစိုင္းထြန္းေအာင္ ေမာင္းလာတဲ့ NISSAN DIESEL ၁၂ ဘီးကားကို သတင္းအရရွာေဖြရာမွာ ဖမ္းမိခဲ့ျခင္းျဖစ္တယ္လို႔ ရဲကေျပာပါတယ္။
ကားေပၚက လႊစာမွုန႔္၊ႏြားေခ်းအိတ္ေတြနဲ႔ ဖုံးအုပ္ထားတဲ့ ေဒသကာလတန္ဖိုးေငြက်ပ္ ၁ ဘီလီယံေက်ာ္တန္ဖိုးရွိ(ဘိန္းျဖဴ ၄၁ ဒသမ ၈ ကီလို)ကို ဖမ္းမိခဲ့တာပါ။
ဒါ့ေၾကာင့္ ကားေမာင္းသူကို မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမွုဖြင့္ၿပီး ဆက္စပ္ျပစ္မွုက်ဴးလြန္သူေတြကိုဖမ္းမိဖို႔အတြက္ စစ္ေဆးေနပါတယ္။
