ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ဒီဇင် ဘာ ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ရပ် ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းကာ မလွမ်းယန်း လိုက်လာသည့် TOYOTA DYNA ကားကိုသတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့သယ် ဆောင်၍ ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရောင်းဝယ်ခြင်းပြုလုပ်မည့် ငွေကျပ်(၁၄ ဒသမ ၁၁၅၄)ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား(၅၂ ဒသမ ၃)သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water (၂ ဒသမ ၆၇)ကီ လိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ မူးယစ်ဆေးဝါးများအားသယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း(ခ) ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်၍ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။