ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်များကို အောက်တိုဘာ ၄ ရက်နံနက် ၉ နာရီခန့်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာရှိ စိုင်းရှဲန်တွီ၏ နေအိမ်မှ စိုင်းရှဲန်တွီ၊ ဖိလစ်(ခ) အကိန်၊ အိုက်မောင်၊ စိုင်းဝန်း၊ အိုက်အွန်ကျောက်၊ စိုင်းရှဲန်ဖနှင့် စိုင်းလောင်နွဲ့တို့အား ငွေကျပ်(၁ ဒသမ ၆၅၆) ဘီလီယံတန်ဖိုးရှိ အိုက်စ်(၂၀၇)ကီလိုနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်၍ ဆက်စပ်ပြစ်မှုကျူးလွန်သူများကိုထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
