မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများနှင့် ပတ်သက်၍ နစက အဖွဲ့ဝင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီးရာပြည့်နှင့် UNOCHA အကြီးအကဲ Mr. Martin Griffiths တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် UNOCHA အကြီးအကဲ Under- Secretary- General Mr. Martin Griffiths တို့သည် ယနေ့ သြဂုတ် (၁၅) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) Mr, Ramanathan. Blalakrisnan၊ မြန်မာ နိုင်ငံ၏ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) အကြီးအကဲ Mr. Sajjad Mohammad၊ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိ နှိုင်းရေးရုံး(UNOCHA) ဒု-အကြီးအကဲ Ms. Danielle Parry နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။