Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeNewsLocal Newsငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ကြေညာချက်...

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ကြေညာချက် အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကန့်ကွက်

(Unicode)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)၏ ကြေညာချက် အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ကန့်ကွက်

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀တို့ စုပေါင်းဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏(၂၁/၂၀၂၁)ထုတ်ပြန်ချက်အပေါ် ကန့်ကွက်သတိပေးကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက နိုဝင်ဘာ၈ရက်က အဆိုပါ ဦးဆောင်အဖွဲ့ထံ စာပို့ ကန့်ကွက်ခဲ့သည်။

PPST အစည်းအဝေး (၂၁/၂၀၂၁) ထုတ်ပြန်ချက်၏ အပိုဒ်(၆)တွင် “စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်”ဆိုသော စကားရပ် ဖော်ပြထားမှုအပေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကPPSTထံ ပေးပို့သည့် ကန့်ကွက်စာထဲ “ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ရာ စစ်ကောင်စီ (တစ်နည်း) တပ်မတော်အား PPST က အကြမ်းဖက်အဖြစ် စွပ်စွဲ ထားသည့်သဘော သက်ရောက်နေကြောင်း တွေ့ရှိရသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ကျေးရွာများ၊ မြို့ရွာများအတွင်း တိုက်ပွဲဖြစ်ပွားပါက လူနေအိမ်များ၊ သာသနိကအဆောက်အဦးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ အပါအဝင် ဥပဒေနှင့်အညီ နေထိုင်ကြသော ပြည်သူလူထုနှင့် သက်ဆိုင်သည့် နေရာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ ဖျက်ဆီးမှုများ လုံးဝ(လုံးဝ) မပြုလုပ်ရသည့်အပြင် ပြုလုပ်ရန်လည်း မူဝါဒ/ ညွှန်ကြားချက် မရှိကြောင်းနှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ဆောင်ချက်ကြောင့် ပျက်စီးမှုများကိုပင် သက်ဆိုင်ရာနယ်မြေရှိ ပြည်သူလူထုနှင့်ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်သည်။ သို့ရာတွင် PPST အနေဖြင့် ဖြစ်စဉ်အမှန်ကို တိတိကျကျ သိရှိခြင်းမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၏ အထောက်အထားမဲ့ ရေးသားဖော်ပြနေသည့် Social Media များအား ဖတ်ရှုပြီး တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲရေးသား ထုတ်ဖော်မှုများသည် NCA အခန်း(၃)၊ အပိုဒ် ၅(စ)ပါအချက်အား ဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ PPST ၏ ရည်ညွှန်းစာဖြင့် ထုတ်ပြန်ကြေညာချက်ပါ အပိုဒ်(၆)အား NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်၍ လိုအပ်သလို ပြန်လည်ပြင်ဆင်သွားရန် အကြောင်းကြားသည်”ဟု ဒုတိယဗိုလ်ချုပ်ကြီး မင်း​နောင်၏ လက်မှတ်ရေးထိုးမှုဖြင့် တွေ့ရှိရသည်။

(Zawgyi)

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST)၏ ေၾကညာခ်က္ အား အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ ကန႔္ကြက္

 

တစ္ႏိုင္ငံလုံးဆိုင္ရာ အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၁၀တို႔ စုေပါင္းဖြဲ႕စည္းထားသည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႕ (PPST) ၏(၂၁/၂၀၂၁)ထုတ္ျပန္ခ်က္အေပၚ ကန႔္ကြက္သတိေပးေၾကာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီက ႏိုဝင္ဘာ၈ရက္က အဆိုပါ ဦးေဆာင္အဖြဲ႕ထံ စာပို႔ ကန႔္ကြက္ခဲ့သည္။

PPST အစည္းအေဝး (၂၁/၂၀၂၁) ထုတ္ျပန္ခ်က္၏ အပိုဒ္(၆)တြင္ “စစ္ေကာင္စီက ျပည္သူလူထု၏ အိုးအိမ္မ်ား၊ ဘာသာေရး အေဆာက္အအုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္မႈမ်ားအေပၚ ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်သည္”ဆိုေသာ စကားရပ္ ေဖာ္ျပထားမႈအေပၚ ကန႔္ကြက္ခဲ့ျခင္းျဖစ္သည္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီကPPSTထံ ေပးပို႔သည့္ ကန႔္ကြက္စာထဲ “ျပည္သူလူထု၏ အိုးအိမ္မ်ား၊ ဘာသာေရး အေဆာက္အအုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္သည့္လုပ္ရပ္သည္ အၾကမ္းဖက္သမားမ်ားကသာ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္သည့္ လုပ္ရပ္ျဖစ္ရာ စစ္ေကာင္စီ (တစ္နည္း) တပ္မေတာ္အား PPST က အၾကမ္းဖက္အျဖစ္ စြပ္စြဲ ထားသည့္သေဘာ သက္ေရာက္ေနေၾကာင္း ေတြ႕ရွိရသည္။ တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရး၊ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာ ကိစၥရပ္မ်ားေဆာင္႐ြက္ရာတြင္ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ ေက်း႐ြာမ်ား၊ ၿမိဳ႕႐ြာမ်ားအတြင္း တိုက္ပြဲျဖစ္ပြားပါက လူေနအိမ္မ်ား၊ သာသနိကအေဆာက္အဦးမ်ား၊ ေဆး႐ုံ၊ စာသင္ေက်ာင္းမ်ား အပါအဝင္ ဥပေဒႏွင့္အညီ ေနထိုင္ၾကေသာ ျပည္သူလူထုႏွင့္ သက္ဆိုင္သည့္ ေနရာမ်ားအား ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ပစ္ခတ္တိုက္ခိုက္မႈ၊ ဖ်က္ဆီးမႈမ်ား လုံးဝ(လုံးဝ) မျပဳလုပ္ရသည့္အျပင္ ျပဳလုပ္ရန္လည္း မူဝါဒ/ ၫႊန္ၾကားခ်က္ မရွိေၾကာင္းႏွင့္ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ား၏ လုပ္ေဆာင္ခ်က္ေၾကာင့္ ပ်က္စီးမႈမ်ားကိုပင္ သက္ဆိုင္ရာနယ္ေျမရွိ ျပည္သူလူထုႏွင့္ပူးေပါင္း၍ ျပဳျပင္ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေပးေနသည္ကို အားလုံးအသိပင္ျဖစ္သည္။ သို႔ရာတြင္ PPST အေနျဖင့္ ျဖစ္စဥ္အမွန္ကို တိတိက်က် သိရွိျခင္းမရွိဘဲ အၾကမ္းဖက္ေသာင္းက်န္းသူ အဖ်က္သမားမ်ား၏ အေထာက္အထားမဲ့ ေရးသားေဖာ္ျပေနသည့္ Social Media မ်ားအား ဖတ္ရႈၿပီး တပ္မေတာ္အေပၚ တစ္ဖက္သတ္ စြပ္စြဲေရးသား ထုတ္ေဖာ္မႈမ်ားသည္ NCA အခန္း(၃)၊ အပိုဒ္ ၅(စ)ပါအခ်က္အား ေဖာက္ဖ်က္က်ဴးလြန္ေနေၾကာင္း ေတြ႕ရွိရသည္။ သို႔ျဖစ္ပါ၍ PPST ၏ ရည္ၫႊန္းစာျဖင့္ ထုတ္ျပန္ေၾကညာခ်က္ပါ အပိုဒ္(၆)အား NCA ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေလးထား လိုက္နာေဆာင္႐ြက္၍ လိုအပ္သလို ျပန္လည္ျပင္ဆင္သြားရန္ အေၾကာင္းၾကားသည္”ဟု ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္း​ေနာင္၏ လက္မွတ္ေရးထိုးမႈျဖင့္ ေတြ႕ရွိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071