Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeArticlesငိုက်မျဉ်းခြင်း

ငိုက်မျဉ်းခြင်း

sleepy

ပြတင်းပေါက်မှ လေတဟူးဟူး ဝင်ရောက်လာသည်။ သူက စာရေး စားပွဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေ သည်။ စာရေးစားပွဲပေါ်မှာ ကော်ပီ စာအုပ် တစ်အုပ်ရှိသည်။ ကော်ပီစာ အုပ်ဘေးမှာ မင်အိုးရှိသည်။ ဖောင်တိန် ကတော့ သူ့အင်္ကျီအိတ်ထောင်ထဲမှာ ချိတ်ထားသည်။ စောစောကပင် ဖောင် တိန်ထဲကို မင်ဖြည့်ထားသည်။

ပြတင်းပေါက်မှ လေတဟူးဟူးက ဝင်ရောက်တိုက်ခတ်နေဆဲပင်။ လေ တဟူးဟူးသည် သူ့နဖူးပြင်ထက်မှ ဆံပင်များကို ဖွသွားသည်။ သူသည် စာရေးစားပွဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်နေဆဲပင်ရှိသည်။ တဖြည်းဖြည်း နှင့် ပြတင်းပေါက်မှ ဝင်ရောက်လာ သော လေထဲတွင် သူ့မျက်တောင်စင်း လာသည်။ သူ့မျက်တောင်စင်းလာရင်း အကြောင်းအရာတချို့ကို သတိရ သည်။ သူမျက်တောင်စင်းလာရင်း အကြောင်းအရာတချို့ကို မေ့သွား သည်။ ပြတင်းပေါက်မှ ဝင်ရောက် လာသော လေသည် တိတ်ဆိတ်သော ဂီတဖြင့် သူ့ကို ချော့သိပ်နေဟန်ရှိသည်။ သူမျက်တောင်စင်းကာ ငိုက်မျဉ်းလာ သည်။ စောစောက သူသတိရမိတာ ဘာပါလိမ့်။ ကပ်ဖ်ကာရဲ့ ဝတ္ထုထဲကစာ သားတစ်ကြောင်းထင်သည်။ အဲဒီ စာ သားက ဘာပါလိမ့်။ သူသည် ငိုက်မျဉ်း နေရင်း မေ့လျော့သွားပြန်သည်။ သူမေ့ လျော့သွားတာ ဘာပါလိမ့်။ မီးရထားနဲ့ ခရီးသွားစဉ်ကအကြောင်း။ မီးရထား ဖြတ်သန်းခုတ်မောင်းသွားစဉ် သံလမ်း ဘေး လယ်ကွင်းစပ်ရေအိုင်ထဲ၌ ဘဲ ကလေးသုံးကောင် ကူးခတ်ကာ ကျန်ရစ် ခဲ့ပုံဖြစ်သည်။ ထိုစဉ်က မီး ရထားသည် သူ့ကိုသယ်ဆောင်ကာ မြို့ကြီးဆီသို့ ဦးတည်ခုတ်မောင်းသွားခဲ့သည်။ သူ သည်စာရေးစားပွဲမှာ ငြိမ်ငြိမ်သက် သက်ပင်ရှိနေသည်။

ပြတင်းပေါက်မှ ဝင်လာသော လေက သူ့ကို တဖြည်းဖြည်းချင်း ငိုက် မျဉ်းစေသည်။ သူသည် တိတ်ဆိတ်ငြိမ် သက်ခြင်းကို ယခုနှစ်များထဲတွင် လိုလား တောင့်တခဲ့သည်။ တိတ်ဆိတ်ငြိမ် သက် ခြင်းထဲ၌ မိမိဘာသာ တည်ရှိနေရပုံကို သူနှစ်ခြိုက်လာခဲ့သည်။ စောစောက သံလမ်းဘေး လယ်ကွင်း စပ်ရေအိုင်ထဲမှ ဘဲကလေးသုံးကောင် ကို သတိရမိပြီး သူပြုံးမိသေးသည်။ အချိန်ရထားသည် သူ့ကိုတင်ဆောင်ကာ အိုမင်းသော ဘူတာ၌ ထားရစ်ခဲ့ပြီ။ ပြတင်းပေါက်မှ ဝင်ရောက်လာသော လေတဟူးဟူးကို ကျေနပ်စွာ သူခံယူသည်။ ကပ်ဖ်ကာရဲ့ ဝတ္ထုထဲက စာသားကို သူမေ့သွားပြီ။ ငြိမ် သက်ခြင်းဟာ ဘယ်လောက်ကောင်း သလဲ။ သူသည် မျက်တောင်စင်းလာ ကာ ငိုက်မျဉ်းနေပြီ။ ဒီအချိန် သံလမ်းဘေးလယ်ကွင်း အစပ်က ရေအိုင်ထဲမှာ ဘဲကလေး သုံး ကောင် ကူးခတ်နေဆဲပဲလို့ ထင်မိတော့ သည်။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071