(Unicode)
ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေအမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ်(၆)ဘီလီယံ ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည်ဟု နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင်ဒီဇင်ဘာလ ၂၂ရက်က ကျင်းပသော ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ရေလုပ်ငန်း ကဏ္ဍသည် အရေးပါ သည့် အခန်းကဏ္ဍမှပါဝင်နေလျက်ရှိရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ငါးကဏ္ဍ ထုတ်လုပ်မှုအနေဖြင့် (၄ ဒသမ ၇ ရာခိုင်နှုန်း) ပါဝင်နေသည်။
“ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေသည်”ဟု တာဝန်ရှိသူများကပြောဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးရေး အတွက် ငါးလုပ်ငန်း တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေး ဝမ်းကျောင်းပညာ သင်တန်းများ တိုးချဲ့ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
မြန်မာနိုင်ငံတွင် ယခုအခါ ဈေးကွက်ဝင် ငါးမျိုးစိတ်(၂၁)မျိုး အောင်မြင်စွာ သားဖောက် ထုတ်လုပ်ပေး နိုင်ခဲ့သဖြင့် အသားတိုး မွေးမြူခြင်းမှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန် တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်ခဲ့ပြီဖြစ်သည်။
(Zawgyi)
ငါးလုပ္ငန္းျဖင့္ ေန႔စဥ္ပ်မ္းမွ် ႏိုင္ငံျခားဝင္ေငြအေမရိကန္ေဒၚလာ ၂ သန္းေက်ာ္ကို ရရွိေန
၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ တြင္ ငါးလုပ္ငန္းျဖင့္ အခြန္ေငြ က်ပ္(၆)ဘီလီယံ ရရွိခဲ့ၿပီး ျပည္ပတင္ပို႔မႈမွ ႏိုင္ငံျခားဝင္ေငြ အေမရိကန္ ေဒၚလာ ၇၈၆ သန္းေက်ာ္ ရရွိခဲ့သည္ဟု ေနျပည္ေတာ္ရွိ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး႐ုံး အစည္းအေဝးခန္းမတြင္ဒီဇင္ဘာလ ၂၂ရက္က က်င္းပေသာ ေရလုပ္ငန္းက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးမွ သိရသည္။
စားနပ္ရိကၡာဖူလုံေရး၊ အစားအစာ ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ အာဟာရဖြံ႕ၿဖိဳးေရး၊ ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္း ရရွိေရးအတြက္ ေရလုပ္ငန္း က႑သည္ အေရးပါ သည့္ အခန္းက႑မွပါဝင္ေနလ်က္ရွိရာတြင္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ စာရင္းမ်ားအရ တစ္မ်ိဳးသားလုံး၏ ျပည္တြင္းအသားတင္ ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈတန္ဖိုး (GDP)တြင္ ငါးက႑ ထုတ္လုပ္မႈအေနျဖင့္ (၄ ဒသမ ၇ ရာခိုင္ႏႈန္း) ပါဝင္ေနသည္။
“ငါးလုပ္ငန္းျဖင့္ ေန႔စဥ္ပ်မ္းမွ် ႏိုင္ငံျခားဝင္ေငြ အေမရိကန္ေဒၚလာ ၂ သန္းေက်ာ္ကို ရရွိေနသည္”ဟု တာဝန္ရွိသူမ်ားကေျပာဆိုသည္။
ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက အဆင့္ျမင့္နည္းပညာ ဖြံ႕ၿဖိဳးေရး အတြက္ ငါးလုပ္ငန္း တကၠသိုလ္ ဖြင့္လွစ္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိၿပီး ေရလုပ္ငန္းကို အေျခခံသည့္ အသက္ေမြး ဝမ္းေက်ာင္းပညာ သင္တန္းမ်ား တိုးခ်ဲ႕ေဆာင္႐ြက္ရန္ ေဆြးေႏြးမွာၾကားသည္။
ျမန္မာႏိုင္ငံတြင္ ယခုအခါ ေဈးကြက္ဝင္ ငါးမ်ိဳးစိတ္(၂၁)မ်ိဳး ေအာင္ျမင္စြာ သားေဖာက္ ထုတ္လုပ္ေပး ႏိုင္ခဲ့သျဖင့္ အသားတိုး ေမြးျမဴျခင္းမွ ျပည္တြင္း ငါးစားသုံးမႈ ဖူလုံေရးသာမက ျပည္ပပို႔ကုန္ တိုးျမႇင့္ေရးကိုပါ အက်ိဳးျပဳႏိုင္ခဲ့ၿပီျဖစ္သည္။