အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နူးယော့ခ်တွင် အချုပ်အနှောင်ခံနေရသော ဗင်နီဇွဲလားသမ္မတ နစ်ကိုလပ်စ် မာဒူရိုကို ပြန်လွှတ်ပေးရန် တနင်္ဂနွေနေ့တွင် ၎င်းကို ထောက်ခံသူ ၂,၀၀၀ ဝန်းကျင်ခန့်က ကရာကတ်စ်မြို့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
နီပြာဝါ ဗင်နီဇွဲလားနိုင်ငံအလံများ ကိုဝှေ့ယမ်းကာချီတက်ခဲ့ကြသည့် ဆန္ဒပြသူများနှင့်အတူ မာဒူရိုကို ထောက်ခံသော ပြည်သူ့စစ်များနှင့် ဆိုင်ကယ်စီးအဖွဲ့တို့က အတူလိုက်ပါခဲ့ကြသည်။
မာဒူရို၏ နည်းပြ ယခင်သမ္မတဟောင်း ကွယ်လွန်သူ ဆိုရှယ်လစ်ဝါဒီ ဟူဂိုရှာဗေး၏ ရုပ်ပုံပါ အနီရောင်ဖလန်နယ်ရှပ်အင်္ကျီဝတ်ဆင်ထားသူတစ်ဦး ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တွင် “ငါတို့ သမ္မတကို လွှတ်ပေး” ဟု ရေးသားထားသည်။
အချိန်အတိအကျမသတ်မှတ်ထားသော အသွင်ကူးပြောင်းရေးကာလအတွင်း ဗင်နီဇွဲလားကို ဝါရှင်တန်က စီမံအုပ်ချုပ်မည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကြေညာချက်ကို လက်မခံသည့်သဘောဖြင့် “ဗင်နီဇွဲလားသည် မည်သူ့ကိုလိုနီမှမဟုတ်” ဟု နောက်ဆိုင်းဘုတ်တစ်ခုတွင် ရေးသားထားသည်။
အမေရိကန်ပြည်ထောင်စုသို့ ကိုကင်းမှောင်ခိုတင်သွင်းမှုနှင့်ပတ်သက်၍ “မူးယစ်ဆေးဝါးအကြမ်းဖက်မှု” စွဲချက်များကို ရင်ဆိုင်ရန် မာဒူရိုကို တနင်္လာနေ့တွင် နူးယော့ခ်ရှိ တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။
“မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ အကြမ်းဖက်သမားက ထရမ့်ပ်ပဲ” ဟု အသက် ၅၆ နှစ်အရွယ် နဲဒါအီထရီယာဂိုက အေအက်ဖ်ပီကို ဒေါသတကြီး ပြောကြားခဲ့သည်။ မာဒူရိုကို ဖမ်းဆီးခဲ့စဉ်အတွင်း ဗင်နီဇွဲလား၏ ခုခံကာကွယ်မှုကို ဖျ-က်ဆီးရန် လေကြောင်းတို-က်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် အမေရိကန်တပ်ဖွဲ့များသည် အပြစ်မဲ့ပြည်သူများကို သ-တ်ဖြ-တ်ခဲ့သည်ဟု ၎င်းက စွပ်စွဲခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
