ဧရာဝတီတိုင်း၊ပုသိမ်မြို့တွင်းသို့ ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းမှ ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းသန့်စင်၍ ရေပိုက်လိုင်းများသွယ်တန်းကာ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဝေပေးလျက်ရှိသည့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းသို့ နစက ဥက္ကဋ္ဌမှ သြဂုတ် ၁၁ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးရာ ဧရာဝတီတိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဦးဘုန်းလွင်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
နစက ဥက္ကဋ္ဌမှ ရေကိုအကျိုးမဲ့သုံးစွဲမှုမရှိစေရန် ပြည်သူများကို အသိပညာပေးဆောင်ရွက်ရမည်ဖြစ်ကာ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်၍ မိုးရေကို စုဆောင်းသိုလှောင်ကာ အသုံးပြုနိုင်ပြီး ရေသန့်စင်စက်ရုံအနီးမြစ် ကြောင်း အတွင်းသဲနုန်းတင်ခြင်းများကိုလျှော့ချနိုင်ရန် ကမ်းပါးများအနီး၌ သစ်ပင်များကိုတတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရမည်ဟု မှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့်သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။