မတ် (၂၈)ရက်က လှုတ်ခပ်ခဲ့သည့် ငလျင်ကြီးကြောင့် ဘေးသင့်ခဲ့ရသည့် ငလျင်ဒဏ်သင့် ဒေသများမှ လူမှုဖူလုံရေးကြေးသွင်းထားသည့် အလုပ်သမားများအနေဖြင့် လစာ၏ လေးဆယ်ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းခံစားခွင့်ကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့က ယနေ့ မေ (၉) ရက်တွင် ထုတ်ပြန်ထားသည်။
ထိုသို့ရရှိရန် ၂၀၂၅ ဖေဖော်ဝါရီလအထိ လူမှုဖူလုံရေးကြေးသွင်းထားပြီး လက်ရှိအလုပ်လုပ်နေဆဲဖြစ်သည့် အလုပ်သမားများအတွက် အလုပ်ရှင်က လျှောက်ထားပေးရမည်ဖြစ်သည်။
လျှောက်လွှာများကို ယနေ့ ထုတ်ပြန်ချိန်ကစပြီး (၃) လအတွင်း လျှောက်ထားရမည်ဖြစ်ပြီး ယင်းထက်နောက်ကျသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဆို ထားသည်။
အကျိုးခံစားခွင့်ရရန်အတွက် အလုပ်သမားများ၏ ပိုင်ဆိုင်ပစ္စည်းပျ-က်စီးသည့်အခြေအနေကို ဓာတ်ပုံ (၄) ပုံ ဖြင့် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းလည်း လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။