မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့ရသည့် စစ်ကိုင်းတိုင်း၊ အင်းဝဒေသသည် လက်ရှိ၌လည်း ခရီးသွားလာရောက်သူနည်းပါးလျက်ရှိနေဆဲ ဖြစ်သည်ဟု သိရသည်။
“သီတင်းကျွတ်ပိတ်ရက်မှာတောင် လူကမကျဘူး၊ အပျ-က်အစီးတွေပဲရှိတယ်ထင်ပြီး မလာကြတာလည်း ရှိတယ်” ဟုအင်းဝမြို့ခံတစ်ဦးက ပြောသည်။
မတ်လ (၂၈) ရက်က လှုပ်ခဲ့သည့် ငလျင်ဒ-ဏ်ကြောင့် အင်းဝဒေသရှိ သွားလာလည်ပတ်လေ့ရှိကြသည့် မယ်နုအုတ်ကျောင်းအပါအဝင် ရှေးဟောင်းကျောင်းအဆောက်အဦးများ ပြိုကျပျ-က်စီးသွားခဲ့သည်။
သို့သော် ဒေသခံများနှင့် ရှေးသုမှ အဖွဲ့အစည်းများက ပြိုကျပျ-က်စီးခဲ့သည့် အဆောက်အဦးနေရာများကို ရှင်းလင်းပြီးလည်း ဖြစ်သည်။
“အင်းဝကို လာလို့ရနေပါပြီ၊ လမ်းကြုံလည်း ဝင်ခဲ့ကြပါ” ဟု ဒေသခံလမ်းညွှန်တစ်ဦးကလည်း ပြောသည်။
ငလျင်ကြီးဒ-ဏ်ကြောင့်လည်း ငလျင်ပြန်လည်ထူထောင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေရှိနေသော်လည်း အရေးပေါ်အကူအညီများက ဆက်လိုနေဆဲဖြစ်ကြောင်းလည်း အင်းဝမြို့ခံများက ဆိုကြသည်။
မန္တလေးငလျင်ကြီးကြောင့် လူဦးရေ (၃၇၀၀) နီးပါးေ-သဆုံးခဲ့ပြီး ဒ-ဏ်ရာရရှိခဲ့သူ (၅၀၂၀) နှင့် ပျေ-ာက်ဆုံးသူ (၁၄၁)ဦးရှိကြောင်းလည်း အစိုးရက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
