Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeNewsLocal Newsငလျင်ဒဏ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ(၂)...

ငလျင်ဒဏ်အတွက် အလှူငွေ အမေရိကန်ဒေါ်လာ(၂) သန်းကျော်အပါအဝင် အလှူငွေများစွာကိုလက်ခံရရှိထား

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများအတွက် အလှူငွေများစွာကိုလက်ခံရရှိထားသည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၅ ရက်မွန်းလွဲပိုင်းကကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ပြည်တွင်း/ပြည်ပ စေတနာရှင်အလှူရှင်တွေက နိုင်ငံတော်အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကို အလှူငွေတွေပေးအပ်လှူဒါန်းရာမှာ ဧပြီ ၂၄ ရက်အထိ ငွေကျပ် (၁၁၅ ဒသမ ၈၇၆)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၂ ဒသမ ၄၃၇)သန်းကျော်၊ ကိုရီးယားဝမ်(၅)သန်း၊ အိန္ဒိယရူပီး(၁၅)သန်း၊ ထိုင်းဘတ်(၂)သန်းနဲ့ စင်ကာပူဒေါ်လာ(၃,၁၅၀)လက်ခံရရှိထားပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ လက်ခံရရှိထားသည့် အလှူငွေများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ၏ ငွေစာရင်းတွင်ထည့်သွင်းထားကာ စနစ်တကျဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များကိုစေလွှတ်ပေးခဲ့ရာ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ ယနေ့အချိန်ထိ လေယာဉ်ပေါင်း(၁၄၇)စီး၊ သင်္ဘော(၇)စီး၊ ကား (၂၃)စီးတို့ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း(၂,၀၉၅)ဦးရောက်ရှိခဲ့သည်ဟု ပြောသည်။

“ထောက်ပံ့ရေးပစ္စည်းတန်ချိန်(၂,၆၃၅ ဒသမ ၉၂) တန်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်(၁,၁၉၇ ဒသမ ၁၂)တန်(စုစုပေါင်းတန်ချိန် ၃,၈၃၃ ဒသမ ၈၄ တန်) ပေးပို့လှူဒါန်းကူညီကြတာကို ဝမ်းမြောက်ဖွယ်တွေ့ရပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

ထို့အတူ နိုင်ငံတကာဆေးကုသရေးအဖွဲ့များအနေဖြင့်လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့်နေပြည် တော်တို့တွင် ယာယီဆေးရုံဆေးခန်းများဖွင့်လှစ်၍ အရေးပေါ်ကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိနိုင်ငံပေါင်း(၆)နိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်အင်အား(၃၃၇)ဦးက နိုင်ငံအလိုက်အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။ " ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071