မလေးရှားနိုင်ငံ၊ ပီနန်မြို့အခြေစိုက် Penang Cares Association မှ မြန်မာနိုင်ငံရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သူများအတွက် ရင်းဂစ်(၁၀၀,၀၀၀)တန်ချက် လက်မှတ်ကို ပီနန်မြို့၌ပေးအပ်လှူဒါန်းခဲ့သည်။
ငလျင်ဒဏ်သင့်သူများ၏ ပြန်လည်ထူထောင်ရေး လုပ် ငန်းများလုပ်ကိုင်ရာတွင် အထောက်အကူပြုသုံးစွဲနိုင်ရန်အတွက်လှူဒါန်းခြင်းဖြစ်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
