၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျ-က်စီးခဲ့သည့် မန္တလေးမြို့မှ ဆင်ကြီးနှစ်ကောင်ရုပ်တုကို ပြန်လည်ပြုပြင်မွမ်းမံမှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဆင်ကြီးနှစ်ကောင်ရုပ်တုသည် သက်တမ်း (၁၇၇)နှစ် နီးပါးရှိပြီဖြစ်ကာ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျ-က်စီးမှုများရှိခဲ့ခြင်း ဖြစ်သည်။
ငလျင်ကြီးအတွင်း ဆင်ကြီးနှစ်ကောင်ရုပ်တုသည် လက်ဝဲဘက်ဆင်ကြီး၌ ပြိုကျပျ-က်စီးမှုဖြစ်ခဲ့ကာ လက်ယာဘက်ဆင်ကြီး၌လည်း ရှေ့ဘယ်ဘက်ခြေ ကျိုးပြ-တ်ကွဲအက်မှုများဖြစ်ပေါ်ခဲ့သည်ဟု မန္တလေးသတင်းကွန်ရက်၏ ဖော်ပြမှုအရ သိရသည်။
ထို့ကြောင့် ချမ်းအေးသာစံမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် အိမ်တော်ရာစေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာတော်များဦးဆောင်ကာ ပြန်လည်ပြုပြင်ခဲ့ကြခြင်း ဖြစ်သည်။
ဆင်ကြီးနှစ်ကောင် ပြန်လည်ပြုပြင်ပြီးစီးခြင်း အထိမ်းအမှတ်အဖြစ် သံဃာတော် (၁၇၇) ပါးကို ပင့်ဖိတ်ကာ သံဃဒါနဆွမ်းဆန်စိမ်းအပြင် လှူဒါန်းဖွယ်ရာများကို လှူဒါန်းခဲ့ကြသည်ဟုလည်း သိရသည်။
ဆင်ကြီးနှစ်ကောင်ကို အိမ်တော်ရာစေတီတည်ထားပြီး တနှစ်အကြာ (၁၂၁၁) ခုနှစ်က ပုဂံမင်းတည်ဆောက်ခဲ့ခြင်းဖြ စ်ပြီး အလှူရှင်မှာ နိဗ္ဗာနပစ္စယနာဂ ဆဒ္ဒန်ဆင်မင်းကြီးဖြစ်သည်ဟု မန္တလေးသတင်းကွန်ရက် ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ- မန္တလေးသတင်းကွန်ရက်
