မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အတွင်းရှိ ဆင်ေ-သရေလွှဲဆည်မှ ဧပြီ (၂၂) တွင် ဆည်ရေသောက် ဧကများအားလုံးသို့ ရေဖြန့်ပေးဝေနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ထို့အတွက် အရေးပေါ် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဧပြီ (၁၄) ရက်က စတင်ကာ တစ်ပတ်လုံး ပုံမှန်အတိုင်း ရေပေးဝေနိုင်ရေး နေ့ညမပြတ် ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။
ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ဧပြီ (၁၄) ရက် တွင်ပင် နစက ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သေးသည်။
ထို့ပြင် ဆင်ေ-သရေလွှဲဆည်အထက်ပိုင်းရှိ ဆင်ေ-သရေလှောင်တမံမှ တပ်ကုန်းမြို့နယ်၊ မယ်ဇလီကျင်းကျေးရွာအနီးရှိ ရေဆင်းဧရိယာ (၃၈၀) စတုရန်းမိုင်၊ တမံအလျား (၁၃၅၀) ပေ၊ တမံအမြင့် (၁၀၉) ပေရှိပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အနည်းငယ်သာ ထိခိုက်ခဲ့ကာ ဘူမိရူပဗေဒတိုင်းတာစနစ်နှင့် မျက်မြင်စစ်ဆေးချက်များအရ တမံ၏ ကြံ့ခိုင်မှုအား ထိခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ဆင်ေ-သရေလှောင်တမံ၏ အခြေအနေမှာ စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။