ငလျင်ကြောင့် ထိခိုက်ပျ-က်ဆီးခဲ့ရသည့် မန္တလေး ဘောလုံးအကယ်ဒမီသို့ ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်းကယနေ့ ဇန်နဝါရီ (၁၀) ရက် နံနက်ပိုင်းတွင် လာရောက်အားပေးခဲ့သည့်အပြင် ဘောလုံးအခြေခံနည်းစနစ်များကိုလည်း ပို့ချပေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်လက်ရွေးစင်နှင့် ဆီရီဇို ကစားသမားဟောင်း Mr Toshinobu Katsuya ၊ Mr Maruhashi ၊ Mr Sakemoto တို့နှင့်အတူ အသင်းစပွန်ဆာ Yanmar My anmar Co, Ltd မှ မန်နေဂျင်း ဒါရို-က်တာ Mr Masayuki Arita တို့ ဦးဆောင်၍ လာရောက်ခြင်း ဖြစ်သည်။
ဆီရီဇိုအိုဆာကာအသင်း၏ Yanmar Myanmar မှလည်း မန္တေလေးအကယ်ဒမီ ကျောင်းအတွက် မီးစက်နှင့် အသင်းဂျာစီများကိုလည်း လှုဒါန်းကူညီခဲ့ကြောင်း သိရသည်။
မန္တလေး ဘောလုံးအကယ်ဒမီသည် ပြီးခဲ့သည့်နှစ် ငလျင်ဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရသဖြင့် လက်ရှိအချိန်တွင် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ယာယီကျောင်းဆောင်တွင် ဆက်လက်သင်ကြားနေခြင်းဖြစ်သည်။
ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်း လာရောက်တွေ့ဆုံသည့်အပေါ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မန္တလေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောငြိမ်းနှင့်အဖွဲ့ဝင်များ၊ MFF တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းနှင့် အကယ်ဒမီကျောင်းတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
