မတ်လက ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် အမျိုးသားပြတိုက် (နေပြည်တော်) ၊ အမျိုးသားစာကြည့်တိုက်နှင့် မန္တလေးနန်းမြို့ရိုးတို့ကို ပြန်လည်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
အမျိုးသားပြတိုက်တွင်မူ ပရိုင်းမိတ်နှင့်ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ မြန်မာ့လက်မှုအနုပညာပြခန်းနှင့် အာဆီယံပြခန်းတို့ ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။
ထိုနည်းတူ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ ငလျင်ကြောင့် ပျ-က်စီးခဲ့သည့် A ဆောင်၊ B ဆောင်ရှိ e-library ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်း၊ C ဆောင်တို့ကိုလည်း ပြန်လည်ပြုပြင်နေသည်။
ထို့ပြင် မန္တလေးမြို့ရိုးတွင်မူ အရှေ့ဘက်မြို့ရိုး၊ သူရဲခို၊ ဦးထိပ်ပြာသာဒ်နှင့် ထောင့်၂ ကြား ပြုပြင်ထိန်းသိမ်းခြင်း၊ဦးထိပ်နှင့်ပြငါးကြား ပြုပြင်ထိန်းသိမ်းခြင်း၊ ဦးထိပ်၊ သောင်းညွန့်၊ ကျော်မိုး၊ ပြ ၁၀ ပြာသာဒ်ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးထောင့် ၂ နှင့် ပြ ၁၀ ကြား ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၀ နှင့် ပြ ၁၁ ကြား (ပြ ၁၁ အပါ) ပြုပြင်ထိန်းသိမ်းခြင်း၊ တောင်ဘက်မြို့ရိုးရှိ ပြ ၁၁ နှင့် ပြ ၁၃ ကြားပြုပြင်ခြင်း၊ တောင်ဘက်မြို့ရိုး အုတ်နံရံထိန်းသိမ်းခြင်းလုပ်ငန်း၊ ပြ ၁၀ နှင့် ပြ၁၁နှင့် ကျော်မိုးပြာသာဒ် ပြုပြင်ထိန်းသိမ်းနေသည်ဟုလည်း သိရသည်။
