မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နစကမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆိုလာဓာတ်အားပေးစက်ရုံ (၃) ရုံမှ လက်ရှိတွင် လျှပ်စစ်ဓာတ်အား (၈၀) ရာခိုင်နှုန်း ပြန်ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။
ယင်းစက်ရုံ (၃) ရုံမှာ သာစည် (၃၀) မဂ္ဂါဝပ်၊ သပြေဝ (၃၀) မဂ္ဂါဝပ်နှင့် သပြေဝ – ၃ (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ (၃) ရုံတို့ ဖြစ်ကြသည်။
အဆိုပါ စက်ရုံများမှ ဆိုလာချပ်များ၊ Pile Cap Foundation များ၊ ဆက်သွယ်ထားသော ကြိုးများနှင့် ဆက်စပ်ပစ္စည်းများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းခဲ့ပြီး လက်ရှိတွင် (၈၀) ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လုပ်ပြီး အမျိုးသား ဓာတ်အားကွန်ရက်ထဲ ပိုလွှတ်လျ က်ရှိကြောင်း သိရသည်။