ပြည်ပသို့ ငရုတ်သီးတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ဓာတ်ခွဲစစ်ဆေးပြီးမှသာ တင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့တင်ပို့သည့် ငရုတ်သီးများတွင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရပြီးနောက်ပိုင်း ယင်းကဲ့သို့ အသိပေးလာခြင်းဖြစ်သ ည်။
ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည့် ငရုတ်သီး(အခြောက်)နှင့် ငရုတ်သီး (အစို) များတွင် Chlorpyrifos နှင့် Triazophos ပိုး သတ်ဆေး၊ Glyphosate ပေါင်းသတ်ဆေး၊ Aflatoxin မှိုအဆိပ်ဓာတ်ကြွင်းများ တွေ့ရှိရသည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်အား စိစစ်ရာတွင် မြဝတီနယ်စပ် ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ (၁၁) ခုနှင့် မောတောင်နယ်စပ်ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ထို့ကြောင့် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ (ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိသည့် စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးရမည်ဖြစ်သည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသာ့်ငရုပ်သီးကို ထိုင်းနိုင်ငံသို့ အဓိကထား တင်ပို့ပြီး တရုတ်၊ လာအို၊ မလေးရှား စသည့် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသော ရာသီဥတုပြောင်းလဲမှုများကြောင့် ဖျက်ပိုးပေါက်ဖွားမှုနှုန်း မြင့်မားလာသည့်အ တွက် ပိုးသတ်ဆေးများကို ပမာဏမြင့်ပြီး သုံးစွဲလာရပြီး ထိုအခါ နည်းစနစ်မမှန်ကန်ခြင်း၊ ပိုးနှင့်ရောဂါမှား၍ ဆေးဖြန်းခြင်း၊ ပိုမိုထိရောက်စေရန် ဆေးပမာဏကို တိုးမြှင့်သုံးခြင်း၊ ပိုးသတ်ဆေးတစ်မျိုးတည်းကို ထပ်ခါထပ်ခါ အသုံး ပြုသဖြင့် ဆေးယဉ်ပါးမှုကြောင့် ပိုးသတ်ဆေးများ ပိုမိုသုံးစွဲရခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံမရိတ်သိမ်းခင် စောင့်ဆိုင်းရမည့်အချိန်ကာလကို မစောင့်ဆိုင်းဘဲ ခူးဆွတ်ပြီး ဈေးကွက်အလျင်မှီရန် တင်ပို့ရသဖြင့် နေ့စဥ်စားသုံးသော အသီးအနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးစသည့် ဓာတုဓာတ်ကြွင်းများ ပါဝင်မှုများလာခြင်းဖြစ်ကြောင်း သိရသည်။
