Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeInternationalဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က...

ဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က ထရမ့်ကို ကျေးဇူးတင်စကားဆို

စင်ကာပူ ဇန်နဝါရီ ၃ ရက်

စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အချိန်ဖြစ်၍ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုကာ နှစ်သစ်ကို စတင်လိုက်ကြောင်းသိရှိရသည်။

စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သောကြာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က သတင်းထုတ်ပြန်ခဲ့သည်။

“ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းနဲ့ သမ္မတ ထရမ့်ပ်တို့ဟာ ၂၀၂၆ ခုနှစ်မှာ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း နှစ် ၆၀ ပြည့်မြောက်တဲ့အကြောင်းကို မှတ်တမ်းတင် ပြောကြားခဲ့ကြပါတယ်” ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

၎င်းတို့နှစ်ဦးအနေဖြင့် ကဏ္ဍပေါင်းစုံတွင် ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသော နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် မိတ်ဖက်ဆက်ဆံရေးကို ရေရှည်ခိုင်မြဲရေးအတွက် ထပ်လောင်းအတည်ပြုခဲ့ကြပြီး၊ လက်ရှိ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုလေးနက်စေရန်နှင့် နယ်ပယ်သစ်များသို့ တိုးချဲ့ သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။

လာမည့်ဒီဇင်ဘာလတွင် ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးသို့ စင်ကာပူနိုင်ငံကို ဖိတ်ကြားခဲ့သည့်အတွက် ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းက သမ္မတ ထရမ့်ပ်ကို ကျေးဇူးတင်ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန က ထည့်သွင်းပြောကြားခဲ့ပါ သည်။

“စင်ကာပူနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ ဂျီ-၂၀ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီဖို့နဲ့ အားလုံးအတွက် အကျိုးစီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ပေးဖို့ မျှော်လင့်နေပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စင်ကာပူနိုင်ငံသည် အဆိုပါ ထိပ်သီးအစည်းအဝေးတွင် “အပြုသဘောဆောင်သည့် အခန်းကဏ္ဍ” မှ ပါဝင်သွားမည်ဖြစ်ပြီး၊ တိုးတက်မှုနှင့် တည်ငြိမ်မှုအတွက် ဘုံရည်မှန်းချက်များတွင် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ရေးသားခဲ့ကြောင်း သိရှိရပါသည်။

Ref: ဆော့ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071