ဂျပန်နိုင်ငံကို သွားရောက်ကြမည့် မြန်မာလူမျိုးများအတွက် ပိုမို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မည့် ဂျပန် ဗီဇာလျှောက်ထားရေးစင်တာ ကို ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါ စင်တာအနေဖြင့် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်ကူပြုနိင်ရန် မျှော်လင့်ကြောင်းလည်း သိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဂျပန်သံရုံး၏ သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo နှင့် VFS Global မှ Mr. Simon Peachey တို့က အမှာစကားပြောကြားခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ခံများက စင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
