Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeInternationalဂျပန်၌ဈေးနှုန်းများမြင့်တက်မှုကြောင့် ၂၇ ရာခိုင်နှုန်းသောဘိုးဘွားရိပ်သာများရပ်နားရဖွယ်ရှိ

ဂျပန်၌ဈေးနှုန်းများမြင့်တက်မှုကြောင့် ၂၇ ရာခိုင်နှုန်းသောဘိုးဘွားရိပ်သာများရပ်နားရဖွယ်ရှိ

တိုကျို၊ဇူလိုင် ၈

ဂျပန်နိုင်ငံရှိသက်ကြီးရွယ်အိုစောင့်ရှောက်ရေးစင်တာများနှင့် ဆက်စပ်လုပ်ငန်းများ၏ ၂၇ ရာခိုင်နှုန်းခန့်သည် ဈေးနှုန်းများကြီးမြင့်ခြင်းနှင့် အသုံးစရိတ်မြင့်တက်လာမှုများကဆက်လက်ဖိအားပေးလာလျှင် ၎င်းတို့အနေဖြင့် ဒေဝါလီခံကာ လုပ်ငန်းများကို ရပ်ဆိုင်းရနိုင်ကြောင်း သူနာပြုစောင့်ရှောက်ရေးအဖွဲ့များ၏ စစ်တမ်းတစ်ခုအရသိရသည်။

သူနာပြုစောင့်ရှောက်ရေးဌာနများအနေဖြင့် အခြားသောလုပ်ငန်းများကဲ့သို့ ဝန်ဆောင်မှုစားရိတ်စားက တိုးမြှင့်ကောက်ခံမှုမျိုးပြုလုပ်ရန် အဆင်မပြေနိုင်သောကြောင့် ဈေးနှုန်းများမြင့်တက်လာခြင်းသည် ၎င်းတို့၏လုပ်ငန်းများအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေသည်ဟု သူနာပြုစောင့်ရှောက်မှုပေးသူများအသင်းမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ထို့ကြောင့် အချို့သောလုပ်ငန်းများသည် ဝန်ထမ်းလျှော့ချခြင်း သို့မဟုတ် ဈေးနှုန်းများကြီးမြင့်မှုတို့ကြောင့် အလုပ်ခန့်ထားမှုများရွှေ့ဆိုင်းခြင်းများဖြစ်ပေါ်လာနိုင်ကာ သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းများ၏အရည်အသွေးများကျဆင်းလာနိုင်ခြေနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများမြင့်တက်လာကြသည်။

ကောက်ယူထားသောစစ်တမ်းအရ သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည်ဈေးနှုန်းကြီးမြင့်လာခြင်း၏ ဒဏ်ကိုခံစားနေရကြောင်းသိရှိရသည်။

လက်ရှိလည်ပတ်နေသောလုပ်ငန်းများအား ဆက်လက်လည်ပတ်နိုင်ရန် မည်သို့ပြုလုပ်နေသနည်းဟူသောမေးခွန်းအားမေးမြန်းရာ၌ အများစုမှာ လျှပ်စစ်နှင့်ကုန်ပစ္စည်းသုံးစွဲမှုလျှော့ချခြင်းနှင့်ဘဏ်စုငွေများထုတ်ယူခြင်း၊ဝန်ထမ်းလခနှင့်ဆုငွေတိုးမြှင့်မှုများအားလျှော့ချခြင်းတို့ပြုလုပ်နေရကြောင်းသိရသည်။

အခြား ၁၆ ဒသမ ၂ ရာခိုင်နှုန်းသောလုပ်ငန်းများအနေဖြင့် ဝန်ထမ်းလျှော့ချခြင်းနှင့် အလုပ်ခန့်ထားမှုဆိုင်းငံ့ခြင်းများအားရွေးချယ်ခဲ့ကြောင်းစစ်တမ်းအရသိရသည်။

Source : Kyodo

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071