(Unicode)
ဂျပန်၊အမေရိကန်နဲ့ တောင်ကိုရီးယားကာကွယ် ရေးဦးစီးချုပ်များ ဇန်နဝါရီလတွင် တွေ့ဆုံဖွယ် ရှိ
ဂျပန်၊အမေရိကန်နဲ့ တောင်ကိုရီးယားကာကွယ် ရေးဦးစီးချုပ်တွေဟာ ဟာဝိုင်အီမှာ ဇန်နဝါရီလအတွင်း တွေ့ဆုံဖို့စီစဉ်နေတယ်လို့ သတင်းရင်း မြစ်တွေက ပြောပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးKishi Nobuo၊ အမေရိကန်ကာကွယ်ရေးဝန် ကြီး Lloyd Austin နဲ့ တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီး Suh Wook တို့ တက်ရောက်မှာဖြစ်ပါတယ်။
၄င်းတို့ ၃ဦးဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားကင်းစင်ရေးနဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ကိုချိုးဖောက် ပြီး ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုကို ရပ်တန့်ဖို့အတွက် မည်သို့ဆောင်ရွက်ပြုမူမည်ကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
Omicron မျိုးကွဲပျံ့နှံ့မှုကြောင့် ဆွေးနွေးမှုဟာ တိုက်ရိုက်တွေ့ဆုံခြင်းပြုဖို့အတွက် ဆုံးဖြတ်ချက်မချရသေးကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂျပန်နဲ့အမေရိကန်တို့ဟာ ဇန်နဝါရီ ၇ရက်နေ့မှာ ၄င်းတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ ဝါရှင်တန်မှာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
သို့သော် Omicron ပျံနှံ့မှုကြောင့် two plus two ဆွေးနွေးပွဲတွေကို အွန်လိုင်းနဲ့သာတွေ့ဆုံဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin နဲ့ ကိုရီးယားကာကွယ်ရေးဝန် ကြီး Suh တို့ဟာ ယခုလအစောပိုင်းက ဆိုးလ်မှာတွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ်တွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ တုံ့ပြန်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။
တောင်ကိုရီးယား၊ဂျပန်နဲ့ အမေရိကန်တို့ကြား ၃နိုင်ငံလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဟာ ဒေ သတွင်းတည်ငြိမ်ရေးအတွက် အရေးကြီးကြောင်း Austin နဲ့ Suh တို့ သဘောတူခဲ့ကြပါတယ်။
Ref:NHK/Japan, US, S.Korea defense chiefs may meet in Jan.
(Zawgyi)
ဂ်ပန္၊အေမရိကန္နဲ႔ ေတာင္ကိုရီးယားကာကြယ္ ေရးဦးစီးခ်ဳပ္မ်ား ဇန္နဝါရီလတြင္ ေတြ႕ဆုံဖြယ္ ရွိ
ဂ်ပန္၊အေမရိကန္နဲ႔ ေတာင္ကိုရီးယားကာကြယ္ ေရးဦးစီးခ်ဳပ္ေတြဟာ ဟာဝိုင္အီမွာ ဇန္နဝါရီလအတြင္း ေတြ႕ဆုံဖို႔စီစဥ္ေနတယ္လို႔ သတင္းရင္း ျမစ္ေတြက ေျပာပါတယ္။
အဆိုပါေတြ႕ဆုံမႈမွာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးKishi Nobuo၊ အေမရိကန္ကာကြယ္ေရးဝန္ ႀကီး Lloyd Austin နဲ႔ ေတာင္ကိုရီးယားကာကြယ္ ေရးဝန္ႀကီး Suh Wook တို႔ တက္ေရာက္မွာျဖစ္ပါတယ္။
၄င္းတို႔ ၃ဦးဟာ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားကင္းစင္ေရးနဲ႔ ကုလသမဂၢရဲ႕ဆုံးျဖတ္ခ်က္ကိုခ်ိဳးေဖာက္ ၿပီး ပဲ့ထိန္းဒုံးက်ည္ေတြ စမ္းသပ္ပစ္လႊတ္မႈကို ရပ္တန္႔ဖို႔အတြက္ မည္သို႔ေဆာင္႐ြက္ျပဳမူမည္ကို ေဆြးေႏြးၾကမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
Omicron မ်ိဳးကြဲပ်ံ႕ႏွံ႔မႈေၾကာင့္ ေဆြးေႏြးမႈဟာ တိုက္႐ိုက္ေတြ႕ဆုံျခင္းျပဳဖို႔အတြက္ ဆုံးျဖတ္ခ်က္မခ်ရေသးေၾကာင္း သတင္းရင္းျမစ္ေတြက ေျပာပါတယ္။
ဂ်ပန္နဲ႔အေမရိကန္တို႔ဟာ ဇန္နဝါရီ ၇ရက္ေန႔မွာ ၄င္းတို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔ ဝါရွင္တန္မွာေတြ႕ဆုံဖို႔ စီစဥ္ထားပါတယ္။
သို႔ေသာ္ Omicron ပ်ံႏွံ႔မႈေၾကာင့္ two plus two ေဆြးေႏြးပြဲေတြကို အြန္လိုင္းနဲ႔သာေတြ႕ဆုံေဆြးေႏြးၾကမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
အေမရိကန္ကာကြယ္ေရးဝန္ႀကီး Austin နဲ႔ ကိုရီးယားကာကြယ္ေရးဝန္ ႀကီး Suh တို႔ဟာ ယခုလအေစာပိုင္းက ဆိုးလ္မွာေတြ႕ဆုံခဲ့ၿပီး ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားနဲ႔ဒုံးက်ည္အစီအစဥ္ေတြအတြက္ ျဖစ္ႏိုင္ေျခရွိတဲ့ တုံ႔ျပန္မႈေတြကို ေဆြးေႏြးခဲ့ပါတယ္။
ေတာင္ကိုရီးယား၊ဂ်ပန္နဲ႔ အေမရိကန္တို႔ၾကား ၃ႏိုင္ငံလုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈဟာ ေဒ သတြင္းတည္ၿငိမ္ေရးအတြက္ အေရးႀကီးေၾကာင္း Austin နဲ႔ Suh တို႔ သေဘာတူခဲ့ၾကပါတယ္။
Ref:NHK/Japan, US, S.Korea defense chiefs may meet in Jan.