ဂျပန်အဏုမြူဗုံးပေါက်ကွဲမှုတွင် အသက်ရှင်ကျန်ရစ်သည့်အဘိုးအို အသက် ၉၆နှစ်တွင်သေဆုံး
ဂျပန်နိုင်ငံရဲ့မြို့တော်တစ်ခုဖြစ်တဲ့ ဟီရိုရှီးမား (Hiroshima) အဏုမြူဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်ခဲ့သည့်ဂျပန်အဘိုးအို Tsuboi Sunao (အသက် ၉၆နှစ်) သည် ပြီးခဲ့တဲ့တနင်္ဂနွေနေ့တွင် သေဆုံးသွားခဲ့သည်ဟုသိရသည်။
၎င်းအဏုမြူဗုံးပေါက်ကွဲသည့်အချိန်တွင် အဘိုးအိုမှာ အသက် ၂၀သာရှိသေးပြီး ခန္ဓာကိုယ်တစ်ခုလုံးပြင်းထန်စွာမီးလောင်ကျွမ်းခဲ့သည်။
အဘိုးအိုဟာ လွန်ခဲ့တဲ့ ၅နှစ်က အမေရိကန်သမ္မတ ဘားရက်ခ်အိုဘားမား (Barack Obama) ဟီရိုရှီးမားမြို့သို့ ပထမဆုံးအကြိမ်လာရောက်စဉ် သမ္မတနှင့်တွေ့ဆုံခွင့်ရခဲ့သူတစ်ဦးလည်းဖြစ်သည်။
ဂျပန်နိုင်ငံရဲ့အဏုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများကြောင့် အသက်ရှင်ကျန်ရစ်သူများအဖွဲ့အစည်းတွင် အဘိုးအိုဟာ နှစ် ၂၀ ကျော်ကြာ ဦးဆောင်သူတစ်ဦးအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး မကြာသေးခင်အချိန်ကဖျားနာကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ဂျပန်နိုင်ငံဟီရိုရှီးမားအဏုမြူဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ ၁၉၄၅ခုနှစ်၊ သြဂုတ်လ ၆ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူပေါင်း ၈သောင်းဝန်းကျင်သေဆုံးခဲ့ပြီး ၃သောင်းခွဲကျော်ဒဏ်ရာရရှိခဲ့သည်။ အခြားလူပေါင်း ၆သောင်းဝန်းကျင်ဟာလည်း နျူးကလီးယားမှထွက်လာသော ရေဒီယိုသတ္တိကြွအမှုန်များကြောင့် နှစ်ကုန်ပိုင်းတွင်သေဆုံးသွားခဲ့ရသည်။
Source – NHK
Photo – WP, DW
ဂ်ပန္အဏုျမဴဗုံးေပါက္ကြဲမႈတြင္ အသက္ရွင္က်န္ရစ္သည့္အဘိုးအို အသက္ ၉၆ႏွစ္တြင္ေသဆုံး
ဂ်ပန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္တစ္ခုျဖစ္တဲ့ ဟီ႐ိုရွီးမား (Hiroshima) အဏုျမဴဗုံးေပါက္ကြဲမႈျဖစ္စဥ္တြင္ အသက္ရွင္က်န္ရစ္ခဲ့သည့္ဂ်ပန္အဘိုးအို Tsuboi Sunao (အသက္ ၉၆ႏွစ္) သည္ ၿပီးခဲ့တဲ့တနဂၤေႏြေန႔တြင္ ေသဆုံးသြားခဲ့သည္ဟုသိရသည္။
၎အဏုျမဴဗုံးေပါက္ကြဲသည့္အခ်ိန္တြင္ အဘိုးအိုမွာ အသက္ ၂၀သာရွိေသးၿပီး ခႏၶာကိုယ္တစ္ခုလုံးျပင္းထန္စြာမီးေလာင္ကြၽမ္းခဲ့သည္။
အဘိုးအိုဟာ လြန္ခဲ့တဲ့ ၅ႏွစ္က အေမရိကန္သမၼတ ဘားရက္ခ္အိုဘားမား (Barack Obama) ဟီ႐ိုရွီးမားၿမိဳ႕သို႔ ပထမဆုံးအႀကိမ္လာေရာက္စဥ္ သမၼတႏွင့္ေတြ႕ဆုံခြင့္ရခဲ့သူတစ္ဦးလည္းျဖစ္သည္။
ဂ်ပန္ႏိုင္ငံရဲ႕အဏုျမဴဗုံးမ်ား၊ ဟိုက္ဒ႐ိုဂ်င္ဗုံးမ်ားေၾကာင့္ အသက္ရွင္က်န္ရစ္သူမ်ားအဖြဲ႕အစည္းတြင္ အဘိုးအိုဟာ ႏွစ္ ၂၀ ေက်ာ္ၾကာ ဦးေဆာင္သူတစ္ဦးအျဖစ္ေဆာင္႐ြက္ေပးခဲ့ၿပီး မၾကာေသးခင္အခ်ိန္ကဖ်ားနာကာ ေသဆုံးခဲ့ျခင္းျဖစ္သည္ဟုသိရသည္။
ဂ်ပန္ႏိုင္ငံဟီ႐ိုရွီးမားအဏုျမဴဗုံးေပါက္ကြဲမႈျဖစ္စဥ္ဟာ ၁၉၄၅ခုႏွစ္၊ ၾသဂုတ္လ ၆ရက္ေန႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ လူေပါင္း ၈ေသာင္းဝန္းက်င္ေသဆုံးခဲ့ၿပီး ၃ေသာင္းခြဲေက်ာ္ဒဏ္ရာရရွိခဲ့သည္။ အျခားလူေပါင္း ၆ေသာင္းဝန္းက်င္ဟာလည္း န်ဴးကလီးယားမွထြက္လာေသာ ေရဒီယိုသတၱိႂကြအမႈန္မ်ားေၾကာင့္ ႏွစ္ကုန္ပိုင္းတြင္ေသဆုံးသြားခဲ့ရသည္။
Source – NHK
Photo – WP, DW

