Wednesday, May 21, 2025

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု...

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့...

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို...

MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့်...

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့ အနောက်တောင်မုတ်...

မြန်မာနိုင်ငံအနှံ ဖြတ်သန်းဝင်ရောက်ကာ နိုင်ငံအနှံ မိုးရွာသွန်းစေသည့် အနောက်တောင်မုတ်သုန်လေသည် ယနေ့ မေလ (၂၁) ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ...
HomeInternationalဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအတွက် ဝမ်းနည်းသည့်အနေဖြင့်...

ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအတွက် ဝမ်းနည်းသည့်အနေဖြင့် ကမ္ဘောဒီးယားတွင် အပျော်အပါးနေရာများတစ်ရက်ပိတ်ရန်ညွှန်ကြား

ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအတွက် ဝမ်းနည်းသည့်အနေဖြင့် ကမ္ဘောဒီးယားတွင် အပျော်အပါးနေရာများတစ်ရက်ပိတ်ရန်ညွှန်ကြား

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကာရာအိုကေ၊ကလပ်၊ဘားနှင့်ဘီယာဆိုင်များအားလုံးကို ယနေ့ (ဇွန် ၁၀ ရက်) တွင် တစ်ရက်တာခေတ္တပိတ်ထားရမည်ဟု ကမ္ဘောဒီးယားနိုင်ငံခရီးသွားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် ဟွန်ဆန်၏ခွင့်ပြုချက်ဖြင့် ယခုညွှန်ကြားချက်ကိုထုတ်ပြန်ခြင်းဖြစ်ကာ ၎င်းညွှန်ကြားချက်ထဲတွင် ဂျပန်နိုင်ငံ၏ဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေးသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မသမာသူတစ်ဦး၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

မစ္စတာအာဘေးသည် ယခင်ကတည်းကကမ္ဘောဒီးယားပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးတို့အတွက် အရေးကြီးသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ကမ္ဘောဒီးယားနှင့်ဂျပန်နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရာတွင်လည်း နယ်ပယ်အမျိုးမျိုးတွင် ကမ္ဘောဒီးယားတိုးတက်ရေးအတွက် မဟာဗျူဟာမြောက်မိတ်ဖက်တစ်ဦးဖြစ်ခဲ့ပါသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့အား ဝမ်းနည်းခြင်းနေ့အဖြစ် တရားဝင်ကြေငြာထားသော တော်ဝင်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ခရီးသွားဝန်ကြီးဌာနမှ အောက်ပါအချက်များအား ညွှန်ကြားခဲ့သည် – 

“(၁) ကာရာအိုကေ (KTV)၊ ဖျော်ဖြေရေးကလပ်များ၊ ဘားများ နှင့် ဘီယာဆိုင်ပိုင်ရှင်များ သို့မဟုတ် လုပ်ငန်းမန်နေဂျာများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်မှုများကို တစ်ရက်တာ ရပ်ဆိုင်းရမည်။

(၂) စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်များ သို့မဟုတ် မန်နေဂျာများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် အရက်သေစာရောင်းချမှုကို တစ်ရက်ဆိုင်းငံ့ထားရမည်။

(၃) မြို့တော်-ခရိုင် ခရီးသွားလာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးသည် အထက်ပါ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၏ ပိုင်ရှင် သို့မဟုတ် မန်နေဂျာများအား ယခုညွှန်ကြားချက်နှင့်အညီ ထိထိရောက်ရောက် တာဝန်ယူမှုဖြင့် လုပ်ငန်းခေတ္တရပ်ဆိုင်းခြင်းအား အကောင်အထည်ဖော်နိုင်ရန် အသိပညာပေးရမည်” ဟူ၍ဖြစ်သည်။

ယမန်နေ့မနက်ပိုင်းက ပြောကြားခဲ့သော ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၏ညွှန်ကြားချက်တွင်  “ကမ္ဘောဒီးယား၏ မိတ်‌ကောင်းဆွေကောင်းတစ်ဦးလည်းဖြစ်သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရမှုအတွက် ဂျပန်အစိုးရ၊ပြည်သူများနှင့် ထပ်တူဝမ်းနည်းကြောင်းပြသသည့်အနေဖြင့်   ယနေ့ ဇူလိုင် ၁၀ ရက်တွင် နိုင်ငံတစ်ဝှမ်းရှိအစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံးအနေဖြင့် အလံတစ်ဝက်သာလွှင့်တင်ရန် ညွှန်ကြားခဲ့သည်”

ဆက်လက်၍ဝန်ကြီးချုပ်က “ကမ္ဘောဒီးယား ဂျပန် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့အတွက်  ၎င်းရဲ့ဝန်ကြီးချုပ်သက်တမ်းအတွင်း မိတ်ဖက်ကောင်းပီသခဲ့ပြီး ထူးချွန်ပြောင်မြောက်တဲ့ ဂျပန်နိုင်ငံ့ခေါင်းဆောင်ကြီး မစ္စတာရှင်ဇိုအာဘေး အခုလိုလုပ်ကြံသတ်ဖြတ်ခံရတယ်လို့ကြားတော့ တကယ်ကိုတုန်လှုပ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်” ဟုလည်းဆိုခဲ့သည်။

မစ္စတာအာဘေးသည် ဇူလိုင် (၈) ရက်သောကြာနေ့က ဂျပန်နိုင်ငံကျိုတိုအနီး နာရာမြို့၌မိန့်ခွန်းပြောနေစဉ် သေနတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ် ပစ်သတ်မှုကိုခံခဲ့ရခြင်းဖြစ်သည်။

Source – Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု အဆင် ပြေစွာပြီးဆုံး

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ စက်ရုံဘက်မှ လိုက်လျောမှုများတွင် ဒေးကြေး (၅၂၀၀) မှ (၆၀၀)တိုးပေးကာ (၅၈၀၀)ကျပ်နှင့် ထောက်ပံကြေး (၃၈၀၀) ကျပ်၊ အစိုးရထောက်ပံ့ကြေး (၂၀၀၀) ၊ ဆန်ဖိုး/ဆီဖိုး (၄၀၀) အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ (၁၂၀၀၀) ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။ Adidas တံဆိပ် ဖိနပ်များ ချုပ်လုပ်နေသည့်...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့ နိုင်ငံတော်ခရီးစဉ်အတွင်း သဘောတူညီချက်များကို ဒါဇင်နှင့်ချီ၍ လက်မှတ်ရေးထိုးဖွယ်ရှိသည်။ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦး၏ ပထမဆုံး ဗီယက်နမ်ခရီးစဉ်သည် ကြီးမားသော အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မက်ခရွန်သည် မေ ၂၅ ရက်တွင် ဟနွိုင်သို့ ရောက်ရှိမည်ဖြစ်ကာ မေ ၂၇ ရက်တွင် အင်ဒိုနီးရှားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ယင်းနောက် မေ ၃၀ ရက်တွင် စတင်မည့်...

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို ဆေးလ်ဗားနှင့် စတင်လေ့ကျင့်

MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့် လေ့ကျင့်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခုလေ့ကျင့်ရေးအစီအစဥ်သည် ၎င်း၏ ရခိုင်ယူနိုက်တက်အသင်းအား အပြည့်အ၀ တာ၀န်ယူ ဆောင်ရွက်သည့် ပထမဆုံး လေ့ကျင့်ရေး အစီအစဥ်လည်း ဖြစ်သည်ဟု အသင်းက အသိပေးထားသည်။ ရခိုင်ယူနိုက်တက်အသင်းသည် MNL League Cup ပြိုင်ပွဲ အုပ်စု(ဂ)၏ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် လာမည့် ဇွန်လ (၁၅)ရက်တွင် သု၀ဏ္ဏကွင်း၌ ISPE အသင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071