ဂျပန်ယန်းငွေပထမဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာလျှင် ယန်း ၁၄၀ သို့ကျဆင်း
နူးယော့ခ်၊စက်တင်ဘာ ၁
ကြာသပတေးနေ့တွင် ဂျပန်ယန်းငွေသည် တစ်ဒေါ်လာလျှင် ယန်း ၁၄၀ သို့ကျဆင်းသွားပြီး ၁၉၉၈ ခုနှစ်ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ်ကျဆင်းခြင်းဖြစ်သည်ဟုဆိုသည်။
ရင်းနှီးမြုပ်နှံသူများကမူ အမေရိကန် ဗဟိုဘဏ်အနေဖြင့် ပေါ်လစီနှုန်းထားများကို အကြီးအကျယ်မြှင့်တင်မည်ဟု မှန်းဆနေကြကာ ဂျပန်ဘဏ်သည် ၎င်း၏ ultraloose ငွေကြေးမူဝါဒကို ဆက်လက်လုပ်ဆောင်ရန် အခိုင်အမာ ကတိပြုထားသောကြောင့် ဂျပန်နှင့်အမေရိကကြား အတိုးနှုန်းကွာဟမှု သည်ယခုထက်ပိုလာနိုင်ရန် မျှော်လင့်ထားသဖြင့် ယန်းငွေရောင်းချခြင်းလည်း ဆက်လက်မြင့်တက်လာခဲ့သည်။
ဂျပန်ငွေကြေးသည် ယခုနှစ်အစကတည်းက ဒေါ်လာနှင့်ယှဉ်လျှင် ၂၅ ယန်းတန်ဖိုး ကျဆင်းသွားသည်ဟုဖော်ပြထားသည်။
Source -နစ်ကေးအေးရှ